တောင်ကိုရီးယားနိုင်ငံကတော့ ဒရမ်မာဇာတ်လမ်းတွဲတွေမှာ အလွန်အောင်မြင်တာ လူအများသိကြမှာပါ။ ဒီနှစ်အတွင်း ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲမှာတော့ Squid Game ကထိပ်ဆုံးကပါပဲနော်။ Squid Game ဇာတ်ကားနဲ့အတူ အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့မင်းသမီးကတော့ Jung Ho Yeon ပဲ ဖြစ်ပါတယ်။
Jung Ho Yeon ဟာ မော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က အင်စတာဂရမ်မှာပုံများစွာတင်ခဲ့တဲ့ပုံခဲ့ပြီးနောက် ပရိသတ်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး မှတ်ချက်များစွာပေးခဲ့ကြပါတယ်။ Star News နဲ့ အင်တာဗျူးတစ်ခုမှာတော့ Jung Ho Yeon ဟာ အလုပ်တွေရှုပ်တာကြောင့် အစားစားဖို့အချိန်တောင်မရှိလောက်အောင်ဖြစ်ပြီး အလေးချိန်တွေလည်း ကျခဲ့ကြောင်း ပြောခဲ့ပါတယ်။ သူကတော့ အမေရိကကိုရောက်ကာစကထက်တောင်မှ အဝတ်တွေကချောင်ကျနေပြီ လို့ ဆိုပါတယ်။
Squid Game ဇာတ်ကားပြီးကတည်းက အလုပ်တွေကို မရပ်မနားလုပ်လာခဲ့ကာ 4kg အထိအလေးချိန်ကျသွားခဲ့ပြီဖြစ်ပါတယ်။ Jung Ho Yeon ရဲ့ များပြားလှတဲ့အလုပ်အချိန်စာရင်းတွေကတော့ ဖေဖော်ဝါရီလအထိတောင် မအားဘူးလို့သိရပါတယ်။ ပရိသတ်တွေကတော့ ပိန်တာလှပေမယ့် မကျန်းမာတဲ့ပုံပေါက်နေပြီဆိုပြီး စိတ်ပူပန်ကြောင်း ပြောနေခဲ့ကြပါတယ်။