Song Hye-kyo နဲ့ပရိသတ်တွေကိုလုံးဝအံ့သြသွားစေတဲ့ Park Hyo-joo

Posted on

တောင်ကိုရီးယားမင်းသမီးတွေကတော့ ရှိရင်းစွဲအသက်ထက်ပိုပြီးတော့ နုပျိုတဲ့နေရာမှာတော့ အရမ်းကိုနာမည်ကြီးပါတယ်။ အခုလည်း အသက် (၃၉) ရှိနေပြီဖြစ်တဲ့ မင်းသမီးPark Hyo-joo ကတော့ အလန်းစားပုံရိပ်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားလိုက်ပါပြီ။ Park Hyo-joo ကတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ Now, We Are Breaking Up ဇာတ်လမ်းတွဲမှာ ပါဝင်ထားပါတယ်။

ဒီဇာတ်လမ်းွဲမှာတော့ ဒုတိယကလေးရရှိဖို့မျှော်လင့်နေစဉ်မှာ ပန်ကိရိယကင်ဆာရောဂါနဲ့ရင်ဆိုင်လိုက်ရတဲ့ Jeon Mi-sook နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ DAZED Korea အတွက်ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာပါ။ Park Hyo-joo ကတော့ သွယ်လျတဲ့ခန္ဓာကိုယ်အမိုက်စားအပြင်ဆင်တွေနဲ့အတူ ဇာတ်ကားထဲကနဲ့လုံးဝကွဲပြားပြီးမိမိုက်နေတာဖြစ်ပါတယ်။

မှတ်တောင်မမှတ်မိလောက်အောင် အရမ်းလှနေခဲ့တဲ့ Park Hyo-joo ရဲ့ပုံရိပ်တွေကိုတော့ မမ Song Hye-kyo တစ်ယောက် အံ့အားသင့်နေခဲ့ပါပြီ။ အင်စတာဂရမ်ကပိုစ့်အောက်မှာတော့ Song Hye-kyo ဟာ “Wow” ဆိုပြီးတော့ အံ့အားသင့်မိကြောင်း မှတ်ချက်ပေးသွားပါတယ်။ ပရိသတ်တွေကလည်း “လုံဝကိုကွဲပြားခြားနားနေတယ်” “အရမ်းကိုမိုက်နေပြီ” “အသက်ရှူရပ်သွားလောက်အောင်…” စသဖြင့် မှတ်ချက်တွေပေးခဲ့ကြတယ်။ အသက်(၃၉) နှစ်ရှိနေပြီဖြစ်တဲ့ မမကတော့ ဇာတ်ကားထဲမှာကင်ဆာရောဂါကြောင့် ပိန်ချုံးပြီးစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်အဖြစ်ပီပြင်သလို အခုလည်း ပရိသတ်တွေ မှင်သက်သွားလောက်အောင်လှနေခဲ့တာပါပဲနော်။