ဒရမ်မာဇာတ်လမ်းရွေးချယ်မှုကြောင့် Jung Hae In ရဲ့အနုပညာအလုပ်ထိခိုက်ပျက်စီးသွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတဲ့ပရိသတ်များ

လက်ရှိအချိန်မှာတော့ Snowdrop ဇာတ်လမ်းတွဲဟာ လူကြိုက်များလျက်ရှိနေသလို တစ်ဖက်မှာလည်း ဝေဖန်မှုများစွာကို ရင်ဆိုင်နေရပြန်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်အားပေးမှုကတော့ အခိုင်အမာပါပဲ။ ဒါပေမဲ့လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ Jung Hae In ရဲ့ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်လျက်ရှိနေပါတယ်။


အဲ့ဒါကတော့ မှားယွင်းတဲ့ဇာတ်လမ်းတွဲကိုရွေးချယ်မှုကြောင့် အနုပညာအလုပ်ကိုထိခိုက်ပျက်စီးသွားမှာ စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ Jung Hae In ဟာရိုမန့်ဇာတ်လမ်းတွေကို ပိုင်နိုင်ပြီးနှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော်မင်းသားတစ်လက်ပါ။ (၂၀၂၀)ခုနှစ်ကထွက်ရှိခဲ့တဲ့ A Piece of Your Mind ဇာတ်လမ်းတွဲဟာလည်း မအောင်မြင်ခဲ့ပါဘူး။ A Piece of Your Mind ဇာတ်လမ်းတွဲဟာ မူလစီစဉ်ထားသည်ထက် အပိုင်း(၄)ပိုင်းအထိလျှော့ချကာပြသခဲ့ရပါတယ်။


အရင်ဇာတ်လမ်းတွဲမှာ မအောင်မြင်ခဲ့ပေမဲ့ Snowdrop ဇာတ်လမ်းတွဲကို မျှော်လင့်ထားတာဖြစ်ပါတယ်။ အခု Snowdrop ဇာတ်လမ်းတွဲဟာလည်း ရိုက်ကူးနေစဉ်က ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရသလို ပြသနေစဉ်မှာလည်း ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက Jung Hae In ရဲ့အနုပညာအလုပ်ထိခိုက်ပျက်စီးမှာစိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Check Also

(၂) နှစ်ကြာပြီးနောက် ဗီလိန်ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လာနိုင်ဖွယ်ရှိတဲ့ မင်းသမီး Lee Min Jung

မင်းသမီးချော Lee Min Jung ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Lee Byung Hun ရဲ့ဇနီးအဖြစ်လည်း ပရိသတ်တွေသိကြပါသေးတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကိုဆက်တိုက်ရိုက်ကူးတာမျိုးမဟုတ်ဘဲ နှစ်နဲ့ချီကြာအောင်အနားယူပြီးမှ …

x