လက်ရှိအချိန်မှာတော့ Snowdrop ဇာတ်လမ်းတွဲဟာ လူကြိုက်များလျက်ရှိနေသလို တစ်ဖက်မှာလည်း ဝေဖန်မှုများစွာကို ရင်ဆိုင်နေရပြန်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်အားပေးမှုကတော့ အခိုင်အမာပါပဲ။ ဒါပေမဲ့လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ Jung Hae In ရဲ့ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်လျက်ရှိနေပါတယ်။
အဲ့ဒါကတော့ မှားယွင်းတဲ့ဇာတ်လမ်းတွဲကိုရွေးချယ်မှုကြောင့် အနုပညာအလုပ်ကိုထိခိုက်ပျက်စီးသွားမှာ စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ Jung Hae In ဟာရိုမန့်ဇာတ်လမ်းတွေကို ပိုင်နိုင်ပြီးနှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော်မင်းသားတစ်လက်ပါ။ (၂၀၂၀)ခုနှစ်ကထွက်ရှိခဲ့တဲ့ A Piece of Your Mind ဇာတ်လမ်းတွဲဟာလည်း မအောင်မြင်ခဲ့ပါဘူး။ A Piece of Your Mind ဇာတ်လမ်းတွဲဟာ မူလစီစဉ်ထားသည်ထက် အပိုင်း(၄)ပိုင်းအထိလျှော့ချကာပြသခဲ့ရပါတယ်။
အရင်ဇာတ်လမ်းတွဲမှာ မအောင်မြင်ခဲ့ပေမဲ့ Snowdrop ဇာတ်လမ်းတွဲကို မျှော်လင့်ထားတာဖြစ်ပါတယ်။ အခု Snowdrop ဇာတ်လမ်းတွဲဟာလည်း ရိုက်ကူးနေစဉ်က ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရသလို ပြသနေစဉ်မှာလည်း ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက Jung Hae In ရဲ့အနုပညာအလုပ်ထိခိုက်ပျက်စီးမှာစိုးရိမ်နေကြတာ ဖြစ်ပါတယ်။