Spotify ရဲ့သမိုင်းတစ်လျှောက်မှာ သူမတူတဲ့စံချိန်သစ်ကိုရရှိခဲ့ပြန်တဲ့ Lisa

Posted on

Lisa ကတော့ ထိုင်းလူမျိုးကေပေါပ့်အိုင်ဒေါတစ်ယောက်ဖြစ်ပြီး BLACKPINK အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ဝှမ်းလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားသူပါ။ အဖွဲ့လိုက်လှုပ်ရှားမှုကလည်းအောင်မြင်သလို တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကလည်း အောင်မြင်လျှက်ရှိပါတယ်။


Lisa ကတော့ LALISA နဲ့ MONEY သီချင်းနှစ်ပုဒ်အပြင် collaborative single ဖြစ်တဲ့ ‘SG’ လည်း ထွက်ရှိထားတာပါ။ စက်တင်ဘာလမှာ single သီချင်းစတင်ထွက်ရှိခဲ့တဲ့ Lisa ကတော့ ရက်ပေါင်း(၁၀၃)ရက်အတွင်းမှာ စံချိန်သစ်တစ်ခုကို ချိုးခဲ့ပါတယ်။ အဲ့ဒါကတော့ Spotify မှာ နားဆင်သူသန်း(၅၀၀) ကျော် အမြန်ဆုံးရရှိတဲ့ K-Pop soloist ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Global Spotify Chart ထဲမှာ ရက်(၁၀၀) ကျော်နေရာယူထားနိုင်တဲ့ ပထမဆုံး K-Pop soloist လည်း ဖြစ်ပါတယ်။ Lisa ကတော့ ဂီတပိုင်းမှာသာမကဖက်ရှင်ပိုင်းမှာလည်း လွှမ်းမိုးမှုကြီးပါတယ်။ ထွက်ရှိထားတဲ့ Lisa ရဲ့ အမိုက်စားသီချင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိလားနော်။

Crd: alkpop