Sweet Home ဇာတ်လမ်းတွဲရဲ့ season 2 မှာပါဝင်ဖို့ဆွေးနွေးနေပြီဖြစ်တဲ့ Song Kang

နှုတ်ခမ်းနီမလေးလေးရဲ့အသည်းကျော်တောင်ကိုရီးယားမင်းသားချောလေး Song Kang ကို မသိတဲ့သူ မရှိလောက်ပါဘူးနော်။ ထွက်ရှိထားတဲ့ဒရမ်မာဇာတ်လမ်းတွဲတိုင်းလိုလို အောင်မြင်ခဲ့တာချည်းပါပဲ။ သူကတော့ Love Alarm (2019–21) ၊ Sweet Home (2020) နဲ့ Nevertheless (2021) စတဲ့ဇာတ်လမ်းတွဲတွေနဲ့ လူသိများမှာပါ။


Song Kang ကတော့ နာမည်ကျော်မင်းသမီးချော Park Min-young နဲ့အတူ Office Romance Cruelty ဆိုတဲ့ ဇာတ်လမ်းတွဲကို လက်ရှိအချိန်မှာ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ သူကတော့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတစ်ခုဖြစ်တဲ့ Sweet Home နဲ့လည်း အောင်မြင်ခဲ့ပြီး ထပ်မံထွက်ရှိလာမယ့် season 2 မှာပါဝင်ဖို့ကိုလည်း ဆွေးနွေးသွားနေတယ်လို့ သိရပါတယ်။


သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Namoo Actors ကနေပြီးတော့ “ဒီဇာတ်လမ်းအတွက် ဆွေးနွေးနေတယ်ဆိုတာအမှန်ပါပဲ။ ဘာမှတော့ အတည်အပြုရသေးပါဘူး” ဆိုပြီး ပြောခဲ့ပါတယ်။ Song Kang ကတော့ ပရိသတ်တွေချစ်ကြသလို သရုပ်ဆောင်အရည်အချင်းကလည်းမသေးလှပါဘူး။ Horror ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီရောက်ရှိလာဖို့ မျှော်လင့်မိပါတယ်နော်။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x