နန်းတွင်းဝတ်စုံမဟုတ်တဲ့အခါ ထူးခြားတဲ့သွင်ပြင်နဲ့တွေ့ရတဲ့ Lee Se-young

The Red Sleeve ဇာတ်လမ်းတွဲကတော့ အခုအချိန်မှာလူပြောအများဆုံးဇာတ်လမ်းတွဲတွေထဲကတစ်ခုပါ။ အဓိကဇာတ်ဆောင်မင်းသမီးချောလေး Lee Se-young ကလည်း ပရိသတ်တွေရဲ့အချစ်ကို အခိုင်အမာရရှိနေပါပြီ။ The Red Sleeve ဇာတ်လမ်းတွဲထဲမှာတော့ နန်းတွင်းဝတ်စုံလေးနဲ့ ပရိသတ်တွေမျက်လုံးထဲမှာ စွဲနေမှာပါ။ အခုဆိုရင်တော့ အသွင်ဆန်းနဲ့အမြင်ဆန်းစေမယ့် ပုံရိပ်တွေကို တွေ့ရတော့မှာပါ။


Lee Se-young ကတော့ ကိုရီးယားဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Allure Korea အတွက် အမိုက်စားပုံလေးတွေရိုက်ကူးထားပါတယ်။ glitter တွေနဲ့ပြောင်လက်တောက်ပနေတဲ့မိတ်ကပ်အပြင်အဆင်တွေနဲ့အပြင် အမိုက်စားကုတ်အရှည်ကြီးကတော့ အမြင်ဆန်းကာတကယ့်ကို ပြောင်းလဲသွားစေပါတယ်။

သူကတော့ အင်တာဗျူးမှာ ဇာတ်ရုပ်ဖြစ်တဲ့ Deok-im အဖြစ်နဲ့စိတ်နဲ့နှလုံးသားကို အပြည့်အဝနေထိုင်တဲ့ အကြောင်း ပြောသွားခဲ့ပါတယ်။ သမိုင်းမှာတော့ကြေကွဲစရာအမျိုးသမီးလေးရဲ့ဇာတ်လမ်းကို ဒရမ်မာထဲမှာဘယ်လိုပြသသွားမလဲဆိုတဲ့အမေးကိုလည်း ဒရမ်မာဟာပျော်ရွှွှင်ကြည်နူးဖွယ်ရာတွေနဲ့ချည်းပဲမဟုတ်၊ ကြေကွဲစရာတွေပါဝင်ကြောင်း၊ အဆုံးအထိကြည့်ခဲ့ရင်တော့ မျက်ရည်တွေနဲ့ခံစားရမယ့်အကြောင်း ကို ပြောခဲ့ပါတယ်။


ပရိသတ်တွေကတော့ The Red Sleeve ရဲ့ အဆုံးသတ်မှာ Deok-im ဟာကြေကွဲဖွယ်ရာတွေနဲ့အဆုံးသတ်မှာကို ရင်ခုန်နေမယ်ထင်ပါရဲ့နော်။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x