သန်းပေါင်းများစွာလှူဒါန်းခဲ့တဲ့ တောင်ကိုရီးယားထိပ်တန်းငွေကြယ်ပွင့်လေး IU ရဲ့ ကြည်နူးဖွယ်ရာအလှူ

Posted on

အခုလိုခရစ္စမတ်နေ့လေးမှာ မင်္ဂလာရှိတဲ့သတင်းကောင်းလေးကတော့ ပရိသတ်တွေဆီကိုရောက်ရှိလာပါပြီ။ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းငွေကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ IU ကိုတော့ မသိသူမရှိလောက်ပါဘူး။ စိတ်ထားကောင်းတဲ့ IU ကတော့ အလှူတွေပြုလုပ်လေ့ရှိကြတာလည်း ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။


အခုလိုအားလပ်ရက်လေးမှာတော့ IU ဟာ ChildFund Korea ကို ကိုရီးယားဝမ်သန်း(၂၀၀)လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သန်း(၁၀၀)ကတော့ ကင်ဆာရောဂါသည်တွေနဲ့ ဝင်ငွေနည်းပါးတဲ့မသားစုတွေအတွက်ဖြစ်ပါတယ်။ လှူဒါန်းမှုတစ်စိတ်တစ်ပိုင်းကိုတော့ ဝင်ငွေနည်းမိသားစုတွေရဲ့ heating bill နဲ့ ဆောင်းရာသီအတွက်နွေးထွေးတဲ့အဝတ်အထည်တွေအတွက် အသုံးပြုမှာပါ။ ဒါ့အပြင် အဘိုးအဘွားတွေနဲ့ကြီးပြင်းလာတဲ့လူငယ်တွေနဲ့ကလေးတွေအတွက်ပညာသင်ဆုလည်း ပေးအပ်မှာဖြစ်ပါတယ်။


လှူဒါန်းငွေရဲ့အချို့ကိုလည်း Seoul ASAN ဆေးရုံရှိ ကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်တွေနဲ့မိခင်တွေအတွက် လည်းလှူဒါန်းသွားမှာပါ။ များပြားလှတဲ့နေရာတွေမှာ အသုံးပြုလိုက်ရတဲ့ လှူဒါန်းငွေတွေကတော့ တကယ့်ကိုကျေးဇူးတင်စရာပါပဲ။IU ကတော့ “အခုအချိန်ကတော့ လူတိုင်းစိတ်ပင်ပန်းရတဲ့ခက်ခဲတဲ့အချိန်ပါ။ နွေးထွေးမှုနဲ့အကူအညီတွေကို လိုအပ်တဲ့သူတွေကို မျှဝေချင်ပါတယ်။ အိမ်နီးချင်းတွေတစ်ယောက်မကျန် နွေးထွေးတဲ့ဆောင်းရာသီကို ဖြတ်သန်းသွားဖို့မျှော်လင့်ပါတယ်။” ဆိုပြီးတော့ ပြောခဲ့ပါတယ်။