ကိုဗစ်-(၁၉) ရောဂါပိုးကို တောင်ကိုရီးယားအနုပညာရှင်တွေဟာ တစ်ယောက်ပြီးတစ်ယောက်ကူးစက်ခံနေရတဲ့ သတင်းတွေကို မကြာခဏကြားနေရပါတယ်။ နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် BTSအဖွဲ့ဝင် Jin နဲ့ RM တို့နှစ်ဦးဟာ ကိုဗစ်-(၁၉) ကူးစက်ခံနေရကြောင်းကို BIGHIT Music ကနေပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။
RM ဟာ ယူအက်စ်မှပြန်လာပြီးနောက်ပိုင်း ဆေးစစ်ကာနက်ဂတစ်ဖြစ်ထားပြီး self-quarantine ဝင်နေခဲ့တာဖြစ်ပါတယ်။ quarantine မှထွက်မယ့်အချိန်မှာ ဆေးစစ်တဲ့အခါမှာတော့ ကိုဗစ်-(၁၉) ရောဂါပိုးကို တွေ့ရှိခဲ့တာပါ။ ဘာရောဂါလက္ခဏာမှ မတွေ့ရှိပါဘူး။ Jin ကတော့ အနည်းငယ်ဖျားခဲ့ပြီး စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်-(၁၉) ရောဂါ ပေါ့စတစ်ဖြစ်နေခဲ့တာပါ။ အရမ်းကြီးမပြင်းထန်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ နေအိမ်မှာပဲ ကုသမှုခံယူနေပါတယ်။
သူတို့နှစ်ဦးစလုံးဟာ သြဂုတ်လမှာတင် ကာကွယ်ဆေးထိုးပြီးခဲ့တာ ဖြစ်ပါတယ်။ BTSအဖွဲ့ဝင် Suga ဟာလည်း ကိုဗစ်ကူးစက်ခံရကြောင်း မနေ့ကသတင်းထုတ်ပြန်ခဲ့တာပါ။ တစ်ယောက်ပြီးတစ်ယောက်ကူးစက်ခံနေရတာကြောင့် ပရိသတ်တွေကတော့ စိုးရိမ်နေကြမယ်ထင်ပါရဲ့။ အမြန်ဆုံးကျန်းမာပြီး အလုပ်တွေပြန်လုပ်နိုင်ပါစေနော်။