အလွန်အောင်မြင်ခဲ့တဲ့ Sweet Home ဇာတ်လမ်းတွဲရဲ့ season 2 မှာ ပါဝင်သွားတော့မှာဖြစ်တဲ့ Song Kang

သိပ်မကြာသေးခင်ရက်ပိုင်းကတော့ Song Kang ဟာ Sweet Home ဇာတ်လမ်းတွဲရဲ့ season 2 မှာပါဝင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ Song Kang ဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတိုင်းလိုလိုအောင်မြင်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ မင်းသားတစ်လက်ပါ။


Song Kang ကတော့ Sweet Home ဇာတ်လမ်းတွဲရဲ့ season 1 မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲအကျဉ်းချုပ်ကတော့ မမျှော်လင့်တဲ့မိသားစုအဖြစ်ဆိုးကိုကြုံပြီးနောက်မှာ အိမ်မှထွက်ခွာလာပြီး တိုက်ခန်းတစ်ခုမှနေထိုင်ခဲ့တဲ့အထက်တန်းကျောင်းသားလေးဟာ မမျှော်လင့်ဘဲကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာအဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်လမ်းတွဲပါ။


ဒီဇာတ်လမ်းတွဲဟာ Flix Patro မှာဆိုရင် တစ်ကမ္ဘာလုံးအနေနဲ့တတိယကြည့်ရှုမှုအများဆုံးဖြစ်ခဲ့ပါတယ်။ ယူအက်စ်မှာလဲ နံပါတ်(၇) နေရာ ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဟာတော့ season 2 ထပ်မံထွက်ရှိလာမှာဖြစ်ပြီး ပရိသတ်အချစ်တော်မင်းသားချော Song Kang ကပဲအဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားမှာပါ။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x