Lee Yoo Bi ရဲ့အေဂျင်စီမှ ဒိတ်တင်သတင်းကို ငြင်းဆို

Posted on

အခုရက်ပိုင်းမှာ ပရိသတ်တွေကြားထဲမှာ ဒိတ်တင်းသတင်းတစ်ခုကပျံ့နှံ့နေခဲ့တာပါ။ အဲ့ဒါကတော့ BTSအဖွဲ့ဝင် Jungkook နဲ့ မင်းသမီးချော Lee Yoo Bi တို့တွဲနေကြတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းကတော့ အွန်လိုင်းမှာ YouTuber တစ်ယောက်က စပြီးတော့ ဖွလိုက်တာပဲဖြစ်ပါတယ်။


သူတို့နှစ်ဦးဟာ တူညီတဲ့ပစ္စည်းတွေကိုမျှဝေခဲ့ပြီး lovestagram ကိုလည်း အသုံးပြုခဲ့တယ်ဆိုပြီးတော့ လူပြောများနေကြတာပါ။ Lee Yoo Bi ရဲ့ စံပြအမျိုးသားပုံစံဖြစ်တဲ့ “လှပတဲ့မျက်လုံးနဲ့အမျိုးသား” ဆိုတာ Jungkook ကို နဲ့ကိုက်ညီနေတယ် စသဖြင့်ပြောဆိုနေခဲ့ကြတာပါ။ ပရိသတ်အချစ်တော် Jungkook နဲ့ မင်းသမီးချောလေး Lee Yoo Bi တို့ရဲ့ဒိတ်တင်သတင်းဖြစ်နေတာကြောင့် လူစိတ်ဝင်စားစရာဖြစ်ခဲ့ပုံရပါတယ်။


ဒီသတင်းနဲ့ပတ်သက်ပြီးတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Y-Bloom Entertainment က “ဒါကအဓိပ္ပာယ်မရှိပါဘူး။ သူတို့နှစ်ဦးဟာ တစ်ခါမှလည်းမဆုံဖူးသလို လူချင်းတောင်မသိကြပါဘူး။ BTSအဖွဲ့ဝင်တွေထဲမှာ Lee Yoo Bi နဲ့သိတဲ့သူဆိုလို့ Suga ပဲရှိပါတယ်။ ဒါတောင်ကြာနေပြီဖြစ်တာကြောင့် အဆက်အသွယ်ရှိသေးလားဆိုတာတောင်မသိပါဘူး။” ဆိုပြီးတော့ ထုတ်ပြန်ကြောငြာခဲ့ပါတယ်။