တစ်ချိန်က 2NE1 ဟာ အလွန်အောင်မြင်ခဲ့တဲ့ကေပေါပ့်အဖွဲ့တစ်ခုဖြစ်ပြီး ကံမကောင်းစွာနဲ့ အဖွဲ့ဖျက်သိမ်းခဲ့ရတာပါ။ ဒါပေမဲ့လည်း အဖွဲ့ဝင်တွေဟာတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စွာနဲ့ဂရုစိုက်နေကြတာကတော့ တကယ့်ကိုကြည့်နူးစရာပါပဲ။
Minzy ကတော့ အခုရက်ပိုင်းမှာ music variety show တစ်ခုကို ရိုက်ကူးရေးလုပ်နေခဲ့တာပါ။ ဂရုစိုက်တတ်တဲ့ Dara ကတော့ ကော်ဖီထရပ်တစ်ခုကို ပို့ပေးခဲ့ပါတယ်။ Minzy ကတော့ “ဒါကတကယ့်ကိုအေးပါတယ်။ ဒါပေမဲ့ Dara ရဲ့နွေးထွေးတဲ့နှလုံးသားလေးကတော့ အရည်ပျော်စေပါတယ်။ ကျေးဇူးတင်ပါတယ်။ smoothie က တကယ့်ကို ကောင်းပါတယ်။” ဆိုပြီးတော့ မှတ်ချက်ပေးခဲ့ပါတယ်။ Daraကတော့ အေးတဲ့ရာသီမှာ နေမကောင်းမဖြစ်ဖို့နဲ့ ကျန်းမာစွာနေဖို့လည်း မှတ်ချက်ပေးခဲ့ပြန်ပါတယ်။
Minzy ကတော့ Double Trouble ဆိုတဲ့ ဂီတပြိုင်ပွဲအစီအစဉ်မှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ ကေပေါပ့်အိုင်ဒေါ(၁၀) ဦးဟာ တွဲဖက်ကိုရှာပြီးတော့ ပြိုင်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ SISTAR အဖွဲ့ဝင် Hyolyn နဲ့ AOA အဖွဲ့ဝင်ဟောင်း Choa တို့လည်း ပါဝင်ပါတယ်။