ကင်ဆာရောဂါခွဲစိတ်မှုခံယူပြီးနောက် လူမှုကွန်ယက်မှာ ပိုစ့်တစ်ခုတင်ခဲ့တဲ့ Park So Dam

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကြောင့် ပရိသတ်တွေသိကြသလို Parasite လိုကမ္ဘာကျော်ဇာတ်ကားမှာပါဝင်ထားတာကြောင့်လည်း ပရိသတ်တွေနဲ့ရင်းနှီးတဲ့မင်းသမီးကတော့ Park So Dam ပါ။ Park So Dam ကတော့ အနုပညာအလုပ်တွေတက်တက်ကြွကြွလုပ်နေစဉ်မှာပဲ သိုင်းရွိုက်ကင်ဆာရောဂါဖြစ်ပွားခဲ့ရတာပါ။


မကြာသေးခင်က ခွဲစိတ်ကုမှုခံယူပြီး ပြန်လည်ကျန်းမာဖို့အနားယူနေတဲ့အကြောင်း အေဂျင်စီကပြောကြားထားတာပါ။ ဒီနေ့မှာတော့ SNS မှာ ပုံများစွာတင်ပြီးတော့ ပရိသတ်ကို စိတ်အေးစေခဲ့ပြန်ပါတယ်။ အဲ့ဒီပုံတွေထဲမှာတော့ မကြာခင်ထွက်ရှိလာမယ့် Special Cargo ဇာတ်ကားထဲကပုံရိပ်တွေလည်း ပါဝင်နေပါတယ်။ မင်းသမီးကတော့ ဇာတ်ကားအသစ်နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကို မိတ်ဆက်ပေးနေပါပြီ။


ဒီဇာတ်ကားကတော့ Eun-ha ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ မထင်မှတ်ဘဲအက်စီးဒင့်တစ်ခုကိုကြုံတွေ့ရပြီး ရဲနဲ့ NIS တို့က မြို့လယ်မှာလိုက်လံဖမ်းစီးခြင်းခံရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းနဲ့အတူ Park So Dam ရဲ့အက်ရှင်တွေကို ရှုစားရမယ့်ပုံပါပဲနော်။

 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x