Hyun Bin ကတော့ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်ခံရတဲ့ နာမည်ကျော်မင်းသားတစ်ဦးပါ။ လက်ရှိအချိန်မှာ ဝင်ငွေအမြင့်ဆုံးမင်းသားတွေထဲကတစ်လက်ဖြစ်တဲ့အထိ အောင်မြင်နေသူပါ။ သူဟာ အတိတ်မှာတုန်းကလည်း အခုလိုပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတာ အံ့သြစရာပါပဲ။
Hyun Bin ရဲ့ကျောင်းနေဖက်သူငယ်ချင်းကတော့ သူ့ရဲ့အကြောင်းကို ဖောက်သည်ချလိုက်ပါတယ်။ “အမြဲကျောင်းကားကိုအတူတူစီးဖြစ်ပြီး ကျောင်းကားပေါ်တက်တဲ့အခါ မိန်းကလေးတွေက သူ့ကိုမြင်ရင်အံ့သြတကြီးနဲ့အော်ကြတယ်။ သူ့နာမည်က ပေါ်ပြူလာဖြစ်တယ်လို့ပြောတဲ့အခါရှက်သွားတတ်တယ်။” လို့ ဆိုပါတယ်။ “သူရဲ့ဂျူနီယာတန်းကလူတွေအတွက်ကတော့ သူဟာ god လို ဖြစ်နေတာပါ။” လို့လည်း ဆိုပါတယ်။
Chung Ang university မှာ theater and film မေဂျာကို ရရှိခဲ့တော့လည်း ဆယ်လီတစ်ယောက်အနေနဲ့အထူးဝင်ခွင့်ပြုခဲ့တာမျိုးမဟုတ်ဘဲနဲ့ ကောင်းမွန်တဲ့အမှတ်စာရင်းတွေနဲ့အတူ ပုံမှန်ဝင်ခွင့်ရခဲ့တာပါတဲ့။ အဲ့ဒီအချိန်ကအရမ်းကိုနာမည်ကြီးတဲ့ H.O.T အိုင်ဒေါအဖွဲ့ထက်တောင်မှာ သူနေတဲ့နေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ Hyun Binကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ပါပဲနော်။