လက်ရှိအေဂျင်စီနဲ့လက်တွဲဖြုတ်တော့မှာဖြစ်တဲ့ မင်းသမီးချော Park Min Young

ချစ်စရာကောင်းတဲ့ကိုရီးယားမင်းသမီးချောလေး Park Min Young ကိုတော့ မသိသူမရှိလောက်ပါဘူးနော်။ ဇာတ်ကားပေါင်းများစွာမှာပါဝင်ခဲ့ဖူးတဲ့အပြင် ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း နာမည်ကျော်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ပါ။


ဒီနေ့မှာတော့ Namoo Actors မှ တာဝန်ရှိသူတစ်ယောက်က Park Min Young ဟာ အေဂျင်စီနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ထပ်မံပြီးစာချုပ်ထပ်ချုပ်ဖို့မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ Park Min Young ဟာ လက်ရှိအေဂျင်စီနဲ့ (၂၀၁၇) ခုနှစ်ကတည်းကလက်တွဲခဲ့တာဖြစ်ပြီး အေဂျင်စီရဲ့စီမံမှုအောက်မှာ အလုပ်များစွာလုပ်ခဲ့ပါတယ်။ Namoo Actors မှာတော့ Lee Junki နဲ့ Song Kang တို့အပြင် Park Eunbin၊ Kim Jaekyung အစရှိတဲ့ အနုပညာရှင်တွေ ရှိပါတယ်။


Park Min Young ကတော့မကြာခင်မှာ JTBC မှထုတ်လွှင့်ပြသမယ့် Office Romance Cruelty ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မင်းသားချော Song Kang နဲ့အတူ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ မင်းသမီးချော Park Min Young ကတော့ အေဂျင်စီနဲ့လက်တွဲဖြုတ်ပြီးနောက် ကိုယ်ပိုင်စီမံမှုတွေနဲ့ အနုပညာအလုပ်တွေလုပ်သွားမယ့်ပုံပါပဲနော်။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x