အပြုံးအလှပိုင်ရှင်မင်းသမီးချောလေး Park Min Young ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။ သူကတော့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးပြီး Sungkyunkwan Scandal (2010) ၊ City Hunter (2011) နဲ့ What’s Wrong with Secretary Kim (2018) စတဲ့ဇာတ်လမ်းတွေကတော့ လူသိအများဆုံးဖြစ်ပါတယ်။
Park Min Young ကတော့ လက်ရှိအေဂျင်စီနဲ့လက်တွဲဖြုတ်လိုက်တဲ့အကြောင်းမကြာသေးခင်က သတင်းထွက်ရှီလာခဲ့ပါတယ်။ ဒီနေ့မှာတော့ သူဟာအေဂျင်စီအသစ်ဖြစ်တဲ့ Hook Entertainment နဲ့လက်တွဲလိုက်ပြီဖြစ်တဲ့အကြောင်း အသိပေးလိုက်တာပါ။ ဒီအေဂျင်စီမှာတော့ နာမည်ကြီးတွေဖြစ်တဲ့ Youn Yuh Jung၊ Lee Sun Hee၊ Lee Seo Jinနဲ့ မင်းသားချော Lee Seung Gi တို့ ရှိနေပါတယ်။
Park Min Young ဟာ Romance Drama Queen လို့နာမည်ကြီးသူဖြစ်ပြီး သိပ်မကြာခင်မှာလည်း Romance Drama ဇာတ်လမ်းနဲ့ ပရိသတ်တွေဆီရောက်ရှိလာဦးမှာပါ။ ဇာတ်လမ်းတွဲနာမည်ကတော့ Cruel Story of Office Romance ဖြစ်ပြီး (၂၀၂၂) ခုနှစ် နှစ်လယ်ပိုင်းမှာထွက်ရှိလာမယ်လို့ သိရပါတယ်။