မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ချီးကျူးလောက်စရာ ကြိုးစားအားထုတ်ခဲ့တဲ့ Jisoo

Posted on

Jisoo ကိုတော့ ကမ္ဘာကျော် BLACKPINK အဖွဲ့ဝင်အိုင်ဒေါတစ်ယောက်အနေနဲ့ ပရိသတ်တွေကရင်းနှီးပြီးသားပါ။ အခုဆိုရင်တော့ Snowdrop ဇာတ်လမ်းတွဲနဲ့အတူ သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာပါပြီ။ ဒီဇာတ်လမ်းဟာ ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေတင်သာမက အရည်အသွေးပြည့်ဝတဲ့သရုပ်ကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲပါ။

Jisoo ဟာ လူသစ်တစ်ယောက်အနေနဲ့ ပရိသတ်တွေနှစ်ခြိုက်လောက်စရာကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ သူဟာ ကြောက်စရာကောင်းတဲ့အမြင့်မှာနေပြီး ဇာတ်လမ်းရိုက်ကူးချိန်မှာလည်း စတန့်သမားကိုအသုံးမပြုဘဲကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ ကေပေါပ့်အိုင်ဒေါတွေဟာ ပြစ်မျိုးမှဲ့မထင်ပြီးပြည့်စုံတဲ့အလှတရားတွေကို ပရိသတ်တွေကိုပြသလေ့ရှိပေမယ့် Jisoo ကတော့ ဒီဇာတ်ကားမှာ သူ့ရဲ့အလှအပအတွက်စိတ်ပူခြင်းမရှိဘဲ ယောင်းရိုဇာတ်ရုပ်အတွက်သာ အပြည့်အဝသရုပ်ဆောင်ခဲ့ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ မိတ်ကပ်မပါတဲ့မျက်နှာနဲ့တောင်မှ ရိုက်ကူးထားတဲ့အခန်းပါဝင်ပါတယ်။ Jisoo ဟာ အိုင်ဒေါတစ်ယောက်အနေနဲ့ ပရိသတ်တွေသဘောကျရသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အကောင်းဆုံးကြိုးစားအားထုတ်မှုတွေရှိတာကြောင့် ချီးကျူးမှုတွေရရှိနေခဲ့ပါပြီ။