KBSရဲ့ Historical Special မှာ ပါဝင်ဖို့အတွက် ဆန္ဒပြခြင်းခံနေရတဲ့ မင်းသမီးချော Yoo In-na

Posted on

Yoo In-na ကတော့ ပရိသတ်အခိုင်အမာရရှိထားပြီးသား နာမည်ရမင်းသမီးတစ်လက်ပါ။ သူ့ကိုတော့ နာမည်ကျော်ခဲ့တဲ့ဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့Goblin ဇာတ်လမ်းတွဲမှာ လူသိများသလို ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးတစ်လက်ပါ။ လက်ရှိထုတ်လွှင်ြ့ပသနေတဲ့ ‘Snowdrop’ ဇာတ်လမ်းတွဲမှာပါဝင်ထားပါတယ်။


ဒီဇာတ်လမ်းတွဲမှာ Yoo In-na ဟာဆွဲဆောင်မှုရှိပြီး ထက်မြင်တဲ့ဆရာဝန်မတစ်ယောက်နေရာကပါဝင်ထားပါတယ်။ ‘Snowdrop’ ဇာတ်လမ်းတွဲဟာစတင်ပြသချိန်မှာ ဝေဖန်တိုက်ခိုက်မှုများနဲ့ကြုံခဲ့ရပြီး အခုဆိုရင်တော့ ဆက်လက်ထုတ်လွှင့်ပြသသွားဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့ မင်းသမီးချော Yoo In-na ကို KBSရဲ့ Historical Special မှ ထုတ်ပယ်ခံရဖို့ရန်ကြိုးပမ်းနေကြပြန်ပါပြီ။


Yoo In-na ဟာHistorical Special မှာ ပြတိုက်ရဲ့လမ်းညွှန်တစ်ယောက်အနေနဲ့ ဇာတ်ကြောင်းပြောပြသူနေရာမှပါဝင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာမင်းသမီးကိုဖယ်ရှားရန်တောင်းဆိုသူများပြားလျက်ရှိနေပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့မသင့်တော်ဘူးလို့ မှတ်ချက်များပေးထားကြပါတယ်။