ချစ်စရာကောင်းတဲ့မင်းသမီးချောလေး Han Ji-min ကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အနုပညာသက်တမ်းဆယ်စုနှစ် (၂) စုကျော်ရှိပြီဖြစ်ပြီး အောင်မြင်မှုတွေရယူထားနိုင်တဲ့ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အသက်နဲ့မလိုက်အောင်နုပျိုနေတဲ့မင်းသမီးကတော့သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
သူကတော့ ဒဏ္ဍာရီဆန်ဆန်ရိုက်ကူးထားတဲ့ A Year-End Medley ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ပါဝင်ထားတာပါ။ ဒီဇာတ်ကားမှာတော့ တစ်ဖတ်သတ်ချစ်နေရတဲ့သူငယ်ချင်းကောင်လေးကိုဖွင့်မပြောနိုင်ဘဲ(၁၅) နှစ်ကြာခဲ့ပြီး နောက်ဆုံးမှာတော့ သူငယ်ချင်းရဲ့မင်္ဂလာဆောင်မှာဂုဏ်ပြုစကားပြောပေးခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူကတော့ ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်စဉ်မှာ စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ပြီး တစ်ဖတ်သတ်အချစ်နဲ့ပတ်သက်ပြီးသင်ယူခဲ့ရတဲ့အကြောင်း ပြောထားပါသေးတယ်။
ဒီဇာတ်ကားဟာ အခုလိုနှစ်ကုန်ပိုင်းမှာ ကွဲပြားတဲ့လူမျိုးစုံဟာ Hotel Emross ဆိုတဲ့ ဟိုတယ်ကိုရောက်ရှိလာကြပြီး ဇာတ်လမ်းမျိုးစုံရှိကြတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့နာမည်ကျော်တွေ အများကြီးပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာ Lee Dong-Wook ၊ Kang Ha-Neul နဲ့ Yoona တို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။