အပိုင်းအလိုက်ပြသတဲ့ရုပ်သံဇာတ်လမ်းတွဲတွေဟာ ပရိသတ်အကြိုက်ကိုလိုက်ပြီး တစ်ကြိမ်နဲ့တစ်ကြိမ်ကြည့်ရှုနှုန်းရရှိတာချင်း ကွဲပြားလျက်ရှိပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ရဲ့ဖွဲ့စည်းပုံကတော့ ပရိသတ်တွေကို ဘယ်လိုတွေဆွဲဆောင်နိုင်မလဲဆိုတာကလည်း စိတ်လှုပ်ရှားစရာပါပဲ။ လက်ရှိပြသနေတဲ့ရုပ်သံဇာတ်လမ်းတွေရဲ့ကြည့်ရှုနှုန်းကို ဖော်ပြလိုက်ပါတယ်။
The Red Sleeve ဇာတ်လမ်းတွဲကတော့ အောင်မြင်မှုများစွာနဲ့ ထုတ်လွှင့်ပြီးစီးသွားခဲ့ပါပြီ။ပြီးခဲ့တဲ့သီပတင်းပတ်က(၁၄) နဲ့ (၁၄.၃) ရာခိုင်နှုန်းတွေရရှိခဲ့ပြီး အခုနောက်ဆုံးအပတ်မှာတော့ (၁၇) နဲ့ (၁၇.၄) ရာခိုင်နှုန်းရရှိခဲ့တာပါ။ ပရိသတ်တွေရဲ့အားပေးမှုများစွာနဲ့အတူ ကိုယ်ပိုင်အမြင့်ဆုံးစံချိန်ကို ထပ်မံချိုးလိုက်ပြန်ပါပြီ။
အငြင်းပွားဝေဖန်မှုတွေကြားက ဆက်လက်ပြသခွင့်ရခဲ့တဲ့ Snowdrop ဇာတ်လမ်းတွဲကတော့ (၁.၉) ရာခိုင်နှုန်းရရှိခဲ့ပြီး နောက်ဆုံးရရှိခဲ့တဲ့ကြည့်ရှုနှုန်း(၂.၈) ရဲ့ထက်ဝတ်ခန့်ကို ကျဆင်းခဲ့တာပါ။ Now We Are Breaking Up ဒရမ်မာကလည်း (၄.၉) ရာခိုင်နှုန်းကနေပြီးတော့ (၄.၂) ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ ကုန်ကျစရိမ်များစွာအကုန်အကျခံပြီးရိုက်ကူးထားတဲ့ ဒရမ်မာဇာတ်လမ်းဖြစ်တဲ့ Bulgasal ကတော့ (၃.၄၁၄) ရာခိုင်နှုန်းရရှိခဲ့ပြီး ကြည့်ရှုနှုန်းကျဆင်းသွားတာလည်း ဖြစ်ပါတယ်။