Happy New Year ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ နှစ်ကုန်မှာပြသခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Han Ji-min ၊ Lee Dong-wook နဲ့ Kim Ha-neul တို့အပြင် မင်းသမီးချော Yoona ပါဝင်ခဲ့ပြီး သူကတော့ဟိုတယ်ဝန်ထမ်းမိန်းကလေးအဖြစ်ပါဝင်ခဲ့တာပါ။
အိုင်ဒေါကနေ သရုပ်ဆောင်နယ်ပယ်ကိုကူးလာတဲ့အနုပညာရှင်တွေထဲမှာ Yoona ဟာ ကောင်းမွန်တဲ့သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားတာကို ဇာတ်လမ်းပေါင်းများစွာမှာ တွေ့ခဲ့ရပြီးပြီပဲ ဖြစ်ပါတယ်။ သူကတော့ နတ်သမီးလေးလိုလှပတာကြောင့်လည်း အလှအပနဲ့ပတ်သက်ပြီး အသိအမှတ်ပြုခံရလေ့ရှိပါတယ်။ အခုလည်း ပြုပြင်ခွဲစိတ်မှုတွေများတဲ့တောင်ကိုရီးယားနိုင်ငံမှာ တုပပြီးခွဲစိတ်လို့မရတဲ့အလှတရားကိုပိုင်ဆိုင်ထားတယ်ဆိုပြီး ချီးမွမ်းခံခဲ့ရတာပါ။
သဘာဝအလှလို့ အသိအမှတ်ပြုခံထားရတဲ့ Yoona ကိုတော့ Y-STAR ဆိုတဲ့ချန်နယ်ရဲ့ I’m Curious About It ပရိုဂရမ်မှာတော့ ခွဲစိတ်ဆရာဝန်ကိုယ်တိုင်က နည်းပညာတွေနဲ့တောင်လုပ်ယူလို့မရတဲ့ အလွန်လှပတဲ့မျက်လုံးတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ပြုံးလိုက်တဲ့အခါမှာ အလွန်လှတဲ့မျက်ဝန်းတွေဖြစ်လာစေတာကတော့ တကယ့်ကိုဖန်တီးလို့မရနိုင်တာပါပဲ။ Yoona ကတော့ အပြုံးမျက်ဝန်းလေးတွေနဲ့ တကယ့်ကိုပင်ကိုယ်အလှစစ်နဲ့တင့်တယ်နေတဲ့ မင်းသမီးချောလေးပါပဲနော်။