Dispatch ကဖော်ထုတ်ခဲ့တဲ့ T-ARA အဖွဲ့ဝင် Hyomin နဲ့ ဘောလုံးသမား Hwang Ui Jo တို့စုံတွဲ

Posted on

Dispatch ကတော့ နှစ်စဉ်နှစ်တိုင်းလိုလို လျှို့ဝှက်ပြီးတွဲနေတဲ့တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ဆယ်လီစုံတွဲတွေကို ထုတ်ဖော်နေကြပါ။ ဒီနှစ်မှာတော့ T-ARAအဖွဲ့ဝင် Hyomin နဲ့ ဘောလုံးသမား Hwang Ui Jo တို့စုံတွဲကို ပထုတ်ဖော်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အဝေးရောက်စုံတွဲဖြစ်နေတာတော့ (၃)လခန့်ရှိခဲ့ပါပြီ။


(၂၀၂၁) ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံရဲ့ဇိမ်ခံဟိုတယ်တစ်ခုရှေ့မှာတွေ့ရတဲ့ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ Hwang Ui Jo နှစ်ပတ်ခန့်အနားယူတဲ့အချိန်မှာ ပြင်သစ်မှာနှစ်ယောက်အတူအချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ Hwang Ui Jo တစ်ယောက် ခြေထောက်မှာဒဏ်ရာရနေတဲ့အချိန်မှာ Hyomin ကလည်း solo album အတွက်ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ပြီး ခက်ခဲ့တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ဖေးမရင်းအတူရှိခဲ့ပုံပါပဲ။ သူတို့နှစ်ဦးကတော့ (၂၀၂၁) ခုနှစ်နိုဝင်ဘာလမှာ စပြီးတော့တွဲခဲ့ကြတာပါ။


သူတို့နှစ်ဦးစလုံးရဲ့သက်ဆိုင်ရာအေဂျင်စီတွေကတော့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာအစောပိုင်းအဆင့်မှာပဲရှိနေပြီး တစ်ယောက်နဲ့တစ်ယောက်ပိုသိဖို့ကြိုးစားနေတုန်းလို့ ပြောခဲ့ပါတယ်။ မနှစ်ကတော့ Crash Landing on You ဇာတ်လမ်းတွဲရဲ့တွဲဖက်သရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့စုံတွဲကို ဖော်ထုတ်ခဲ့တာပါ။