“Snowdrop” ဇာတ်လမ်းတွဲမှာပါဝင်ထားတဲ့ မင်းသမီး Kim Mi Soo ကွယ်လွန်

Posted on

Snowdrop ဇာတ်လမ်းတွဲကတော့ဝေဖန်တိုက်ခိုက်မှုတွေကြားက ပြီးဆုံးတဲ့အထိထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။ သမိုင်းကြောင်းနောက်ခံထားတဲ့ ဒီဒရမ်မာဇာတ်လမ်းတွဲကိုတော့ ပရိသတ်တွေကသဘောကျလျက်ရှိပါတယ်။ Snowdrop ဇာတ်လမ်းတွဲချစ်သူတွေအတွက် ဝမ်းနည်းစရာသတင်းကတော့ ဒီနေ့မှာရောက်ရှိလာခဲ့ပါပြီ။

အဲ့ဒါကတော့ ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသမီး Kim Mi Soo ကွယ်လွန်သွားတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းကိုတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Landscape Entertainment မှ ထုတ်ပြန်ကြေညာခဲ့တာပါ။ သူကတော့ လက်ရှိအချိန်မှာအသက်(၃၁) နှစ်သာရှိသေးတာပါ။ သူ့ကိုတော့ ယောက်ကျားလေးဆန်ဆန်ဝတ်စားတတ်တဲ့ ဆံပင်အတိုမျက်မှန်တဲ့ကောင်မလေးအဖြစ် ပရိသတ်တွေမျက်လုံးထဲစွဲနေကြမှာပါ။

သူပါဝင်သရုပ်ဆောင်ထားတဲ့ Snowdrop ဇာတ်လမ်းတွဲဟာလည်း ဆက်လက်ထုတ်လွှင့်ပြသနေတုန်းပဲရှိပါသေးတယ်။ သေဆုံးမှုရဲ့အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။ ကောင်းရာမွန်ရာရောက်ပါစေ ကောင်မလေးရေ….