Teaser နှစ်ခုနဲ့တင် ပရိသတ်ကိုဖမ်းစားခဲ့တဲ့ Park Min Young နဲ့ Song Kang တို့ရဲ့ ဒရမ်မာဇာတ်လမ်းတွဲသစ်

Posted on

ပရိသတ်တွေစောင့်မျှော်နေတဲ့ ဒရမ်မာဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Weather Forecast People: Cruel Story of Office Romance ကတော့ Teaser နှစ်ခုထွက်ရှိလာပါပြီ။ ဒီဇာတ်လမ်းတွဲဟာ ကိုရီးယားမိုးလေဝသ စီမံခန့်ခွဲရေးဌာနမှာ အပြည့်အဝစိတ်ကိုနှစ်ပြီးအလုပ်လုပ်ကြတဲ့ လူတွေရဲ့ဘဝအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ အချစ်ဒရမ်မာဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။


Park Min Young ကတော့ ညဏ်ရည်ထက်မြက်ပြီး စာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့ ဇီဇာကြောင်သူအထွေထွေမိုးလေဝသခန့်မှန်းသူတစ်ယောက်ဖြစ်ပြီး အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုခွဲခြားတတ်သူအဖြစ်ပါဝင်ထားပါတယ်။ Song Kang ကတော့ ဒီဇာတ်လမ်းတွဲမှာ လွတ်လပ်ပေါ့ပါးစွာနေတတ်ပြီး အိုင်ကျူ (၁၅၀) တောင်ရှိတဲ့ ညဏ်ရည်ထက်မြက်သူအထူးသတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ အချစ်ဒရမ်မာဇာတ်လမ်းတွဲကိုပိုင်နိုင်ကြတဲ့ သရုပ်ဆောင်နှစ်ဦးအတွဲညီညီပါဝင်တာကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ အခုဆိုရင် teaser နှစ်ခုထွက်လာတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေက အရမ်းကို chemistry မိနေတာကြောင့် ပရိသတ်ကိုကြည့်ချင်အောင်လို့ ဆွဲဆောင်နေပါပြီနော်။