တစ်နေ့ကိုတစ်နပ်သာစားပြီး သွယ်လျတဲ့ကိုယ်အလှကိုထိန်းသိမ်းထားတဲ့ Shin Hye Sun

ကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်လေ့ရှိတဲ့ Shin Hye Sun ကတော့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိလာတာလည်း ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေစလုပ်ကတည်းက ချစ်စရာကောင်းတဲ့မျက်နှာလေးရှိနေပြီး အခုအချိန်ထိတောင်မပြောင်းလဲဘဲ လှပနေဆဲပါပဲ။


အင်တာဗျူးတစ်ခုမှာတော့ သူ့ရဲ့ကိုယ်အလေးချိန်ဟာ (49) kg ရှိတယ်လို့ ပြောဖူးပါတယ်။ နောက်ပြီးတော့လည်း ကိုယ်အလေးချိန်ထိန်းဖို့ကို တစ်နေ့ကိုတစ်နပ်သာစားတယ်လို့ ဆိုပါတယ်။ သူကတော့ လေ့ကျင့်ခန်းတွေလုပ်ဖို့ အစကတည်းကမစဉ်းစားခဲ့တာက ရှည်လျားတဲ့အရပ်ကြောင့်ပါ။ သူကတော့ မြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားပြီး (၁၇၂) စင်တီမီတာ(သို့) (၅) ပေ(၈)လက္မ ရှိပါတယ်။ ဒီလိုအရပ်ကြောင့်လည်း သူ့ရဲ့သွယ်လျတဲ့ကိုယ်လုံးကိုယ်ပေါက်ကို ဖြစ်နေစေတာအမှန်ပါပဲ။


သူကတော့ အိပ်ချိန်ကလွဲပြီး တစ်နေ့ကို (၁၃) နာရီကနေ (၁၅) နာရီအထိ ဘာမှမစားဘဲ အစာအိမ်ကိုအလွတ်ထားလေ့လည်း ရှိပါသေးတယ်။ အခုဆိုရင်တော့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို နည်းနည်းချင်းလုပ်နေတာပဲ ဖြစ်ပါတယ်။ ဘာမှသိပ်အားစိုက်ထုတ်စရာမလိုဘဲ အစားလျှော့စားရုံနဲ့ လှချင်တိုင်းလှနေသူပါပဲနော်။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x