Rain နဲ့ Kim Tae Hee တို့စုံတွဲကို မနာလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ မင်းသမီးချော Uee

Posted on

ချစ်စရာကောင်းတဲ့မင်းသမီးချောလေး Uee ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့လက်ရှိထုတ်လွှင့်ပြသနေတဲ့ Ghost Doctor ဇာတ်လမ်းတွဲမှာ Rain နဲ့အတူပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ သူကတော့ တီဗွီအစီအစဉ်တစ်ခုမှာ တွဲဖက် သရုပ်ဆောင်Rainတို့စုံတွဲနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။


Uee ကတော့ “မကြာသေးခင်က ရိုက်ကွင်းမှာ Rain ဆီကို ကော်ဖီထရပ်တစ်ခုရောက်ရှိလာခဲ့တုန်းက ပရိသတ်တစ်ယောက်ပို့တယ်ပဲထင်ခဲ့တာပါ။ ဒါပေမယ့် Kim Tae Hee ပို့တာဖြစ်နေခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းပဲပို့ခဲ့တာကြောင့် သိပ်သတိမထားမိပါဘူး။ ကျွန်မအမျိုးသားသာသရုပ်ဆောင်တစ်ယောက်ဆိုရင် ကျွန်မရဲ့မျက်နှာကိုလည်း ကော်ဖီကားမှာခပ်ကြီးကြီးဖော်ပြထားမှာပါ။Kim Tae Heeကတော့ ရိုးရိုးရှင်းရှင်းကို ပို့ခဲ့တာပါ။ တကယ့်ကို မနာလိုဖြစ်ရတယ်။ ဒါကကျွန်မမှာမရှိတဲ့ ပျော်ရွှင်မှုမျိုးမဟုတ်ဘူးလား” လို့ ပြောခဲ့ပါသေးတယ်။


Rain နဲ့ Kim Tae Hee တို့စုံတွဲကတော့ ထိပ်တန်းအောင်မြင်မှုတွေရရှိနေသလို တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ဂရုစိုက်မှုတွေကတော့ လူတိုင်းအားကျနေရတာပါ။ အခုလည်း အောင်မြင်ကျော်ကြားသလောက် ရိုးရှင်းစွာနေထိုင်တတ်တာကြောင့် အခြားသူတွေအတွက် ပြောစမှတ်ဖြစ်ခဲ့တာပါပဲ ပရိသတ်ကြီးရေ။