အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ မင်းသားချော Lee Do Hyun ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူ့အတွက်စိန်ခေါ်မှုဖြစ်စေမယ့် ဇာတ်ရုပ်နဲ့ပတ်သက်ပြီးတော့ အင်တာဗျူးတစ်ခုမှာဖြေခဲ့တဲ့အဖြေဟာ လူပြောများစရာဖြစ်ခဲ့ပါတယ်။
Lee Do Hyun ကတော့ စစ်မှုထမ်းပြီးတဲ့အချိန်မှာ Descendant Of The Sun ဇာတ်လမ်းတွဲမှာ Song Joong Ki သရုပ်ဆောင်ခဲ့ဖူးတဲ့ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ခွင့်ရဖို့အတွက်မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒီလိုပြောဆိုလိုက်ခြင်းကြောင့် Lee Do Hyun ဟာ မကြာခင်မှာ နာမည်ကျော်မင်းသမီး Song Hye Kyo နဲ့တွဲဖက်ပြီးတော့ “The Glory” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးမယ့်အကြောင်းကို သတိထားမိစေခဲ့ပါတယ်။
“The Glory” ဇာတ်လမ်းတွဲဟာ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လိုတဲ့ အထက်တန်းကျောင်းသူလေးအကြောင်းကိုအခြေတည်ထားတာပါ။ ဒီဇာတ်လမ်းမှာ သူဟာ ကျောင်းတွင်းမှာအနိုင်ကျင့်ခံရမှုကြောင့် ကျောင်းထွက်တဲ့အထိဖြစ်ခဲ့ရပြီး အနိုင်ကျင့်ခဲ့သူကိုလက်စားချေဖို့အခွင့်အရေးရလာတဲ့အခါ ဘယ်လိုတွေဆက်လက်ကြိုးပမ်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခုဆိုရင်တော့ “The Glory” ဇာတ်လမ်းတွဲမှာပါဝင်မယ့် Lee Do Hyun ဟာသူ့ရဲ့အင်တာဗျူးအဖြေနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားလူပြောများစေခဲ့ပါပြီ။