The Red Sleeve ဇာတ်လမ်းတွဲဟာ MBC ရုပ်သံလိုင်းရဲ့သမိုင်းတစ်လျှောက်မှာ ထူးထူးခြားခြားအောင်မြင်မှုတွေ ရယူပေးနိုင်တဲ့ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲကတော့ နန်းတွင်းအချစ်ဇာတ်လမ်းတွဲလေးလည်းဖြစ်ပြီး ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို ရရှိထားတာပါ။ ဒီဇာတ်လမ်းတွဲလေးကတော့ပြီးဆုံးသွားပြီဖြစ်ပေမဲ့ အထူးအနေနဲ့ Special Episode တစ်ခုကိုထုတ်လွှင့်သွားဖို့ရှိနေပါတယ်။
ဒီ Special Episode ထဲမှာတော့ ရိုက်ကွင်းနောက်ကွယ်ကအခြေအနေတွေ လူကြိုက်အများဆုံးဇာတ်ဝင်ခန်းတွေနဲ့ မပြဖြစ်လိုက်တဲ့အချို့ဇာတ်ဝင်ခန်းတွေ ပါဝင်မှာပါ။ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေကလည်း ဂိမ်းတွေဆော့ကြမယ့်အပြင် ပရိသတ်တွေရဲ့မေးခွန်းတွေကိုဖြေကြားပေးမယ့်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ပရိသတ်တွေရင်ခုန်နေကြပြီ မဟုတ်လားနော်။
Special Episode ကို ဇန်နဝါရီလ(၃၁)ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။ ဒီအထူးအပိုင်းသစ်အတွက်တော့ Jang Yoon Jung ၊ Do Kyun Gwanနဲ့ Hwang Kwan Ghee တို့က တင်ဆက်သွားမှာပဲဖြစ်ပါတယ်။