ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့အတူ သရုပ်ဆောင်ပိုင်နိုင်လှတဲ့ Park Min Young ကတော့ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကျော်သူတစ်ယောက်ပါ။ သိပ်မကြာခင်မှာတော့ “Forecasting Love and Weather” ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်တွေဆီကို ပြန်လာမှာပါ။
“Park Min Young ဟာဒီဇာတ်ရုပ်မှာ လုံးဝကိုနှစ်မြုပ်ထားတာဖြစ်ပြီး ပြီးပြည့်စုံတဲ့သရုပ်ဆောင်ချက်တွေဖြစ်ခဲ့ပါတယ်။ ခက်ခဲတဲ့အရာတွေကိုတောင် အဆင်ပြေပြေနဲ့လုပ်ဆောင်ခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲမှာတော့ မိုးလေဝသဆိုင်ရာနဲ့ပတ်သက်တဲ့ဒရမ်မာအသစ်ကို ကြည့်ရှုခံစားရတော့မှာပါ။ Park Min Young ရဲ့ နောက်ထပ်အမိုက်စားဇာတ်ရုပ်တစ်ခုဖြစ်လာတော့မှာပါ။” စတဲ့ ချီးမွမ်းစကားတွေကိုလည်း ရိုက်ကူးရေးအဖွဲ့သားတွေဆီက ကြားခဲ့ရပါတယ်။