သရုပ်ဆောင်ပီပြင်တဲ့တောင်ကိုရီးယားမင်းသမီးချောShin Hye Sun ကိုတော့ ပရိသတ်တွေက သိပြီးသားဖြစ်မှာပါ။ My Golden Life ဆိုတဲ့ဇာတ်လမ်းတွဲနဲ့လူသိများခဲ့ပြီး The Hymn of Death (2018) နဲ့ Mr. Queen (2020–2021) ဆိုတဲ့ဇာတ်ကားတွေကတော့ ပရိသတ်တွေကြားရေပန်းစားတာလည်း ဖြစ်ပါတယ်။
သူကတော့ မြင့်မားတဲ့အရပ်နဲ့အတူသွယ်လျတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာတကြောင့် မော်ဒယ်လ်တစ်ယောက်လိုလှပနေတာက သတိထားမိစရာပါ။ ဒါပေမဲ့လည်း ဒီလိုမြင့်မားတဲ့အရပ်ကပဲ သူ့ကိုစိတ်မလုံခြုံမှုဖြစ်စေတယ်လို့ ဆိုပါတယ်။ တီဗွီအစီအစဉ်တစ်ခုမှာတော့ “ကျွန်မရဲ့အရပ်နဲ့ပတ်သက်ပြီး စိတ်မလုံခြုံမှုကို ခံစားခဲ့ရတယ်။ အရင်တုန်းကတော့လူတွေက ကျွန်မကိုကြည့်ပြီး အရပ်ဘယ်လောက်လဲလို့ မေးကြတယ်။ ဒါကြောင့် ထောင့်မှာပဲကပ်နေမိတယ်။ ဒါပေမဲ့ အခုတော့ ဒါကိုကျေးဇူးတင်ပါတယ်။” လို့ဆိုပါတယ်။
Shin Hye Sun ကတော့ လက်ရှိမှာနာမည်ရမင်းသမီးတစ်လက်အနေနဲ့ရပ်တည်နေပြီး အရပ်အမောင်းကတော့ တကယ့်ကိုအမိုက်စားပါပဲနော်။ သူ့ရဲ့အရပ်ကိုမေးတဲ့အခါမှာတော့ (၁၇၂) စင်တီမီတာ ၅ ပေ၆ လက်မဝန်းကျင်ရှိမယ်လို့ ဖြေကြားခဲ့ပါတယ်။