Song Joong Ki ကသူ့ရဲ့စံပြပုဂ္ဂိုလ်ပါဆိုတာကို ပြောပြလာတဲ့ Lee Junho

Posted on

ဇန်နဝါရီလ(၂၂)ရက်နေ့ကတော့ Lee Junho ရဲ့ fan meeting တစ်ခုဖြစ်တဲ့ ‘JUNHO THE MOMENT’ ကို ပြုလုပ်ခဲ့တာပါ။ ဆိုရှယ်မီဒီယာမှာပျံ့နှံ့လာတဲ့ပုံတွေမှာတော့ Lee Junho နဲ့ Song Joong Ki တို့နှစ်ဦးရဲ့ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးကိုတော့ ပရိသတ်တွေမြင်တွေ့ခဲ့ရတာပါ။ ဒီပွဲပြီးတဲ့အခါမှာတော့ Song Joong Ki ဟာ Lee Junho နဲ့အတူ ဒရမ်မာဇာတ်လမ်းတွဲကို အတူသရုပ်ဆောင်လိုတဲ့အကြောင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။


စစ်မှုထမ်းရာကထွက်လာပြီးနောက် “Vincenzo” ဇာတ်ကားမှာလည်း cameo အနေနဲ့ Lee Junhoကို ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြောခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း Lee Junho ရဲ့ များပြားတဲ့အလုပ်အချိန်ဇယားတွေကြောင့် မပါဝင်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။ The Red Sleeve ဇာတ်လမ်းတွဲရိုက်ကူးနေစဉ်မှာလည်း Song Joong Ki ကတော့ ရိုက်ကွင်းကို ကော်ဖီထရပ်ကား ပို့ပေးခဲ့သေးတာပါ။


Lee Junho ကတော့ Song Joong Ki ကသူ့ရဲ့ စံပြပုဂ္ဂိုလ်ပါတစ်ယောက်ဖြစ်ခဲ့ပြီး ပထမဆုံးကားကတောင်မှ Song Joong Ki ရဲ့ကားနဲ့အတူတူပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကချစ်စရာကောင်းသလို Lee Junho ကတော့ Song Joong Ki ကို လေးစားအတုယူတဲ့သူတစ်ယောက်ပါပဲနော်။