ကိုယ်ဝန်လွယ်ထားရတဲ့ အသက်(၈)နှစ်ကြီးတဲ့ချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်တဲ့ 2PM အဖွဲ့ဝင် Chansung

Posted on

အခုရက်ပိုင်းမှာတော့ တောင်ကိုရီးယားအနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေ တစ်ခုပြီးတစ်ခုကြားနေရတာပါ။ 2PM အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chansung ကတော့ အနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့သူတစ်ဦးနဲ့လက်ထပ်တော့မယ့်အကြောင်း သတင်းထွက်ရှိလာခဲ့ပါတယ်။


Chansung ကတော့ အသက်(၃၃)နှစ်ရှိနေပြီဖြစ်ပြီး သူ့ထက်အသက်(၈)နှစ်ကြီးတဲ့ အမျိုးသမီးတစ်ဦးနဲ့လက်ထပ်တော့မှာပါ။ သူတို့နှစ်ဦးဟာမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြတာဖြစ်ပြီး တစ်နှစ်အတွင်းမှာကျင်းပပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ အစောပိုင်းသတင်းအရတော့ (၂၀၂၂) ခုနှစ်ရဲ့နှစ်စပိုင်းမှာ လက်ထပ်သွားမယ်လို့လည်း သိရပါတယ်။ ကပ်ရောဂါဆိုးကြီးကြောင့် မင်္ဂလာပွဲကိုတော့ နီးစပ်ရာအသိမိတ်ဆွေ ၊ မိသားစုတွေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။


Chansung တို့ချစ်သူနှစ်ဦးကတော့ ချစ်သူသက်တမ်း(၅)နှစ်ကျော်ပြီလည်း ဖြစ်ပါတယ်။ သူကတော့ လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး “စစ်မှုထမ်းခြင်းပြီးဆုံးသွားကတည်းက ဒီအမျိုးသမီးနဲ့ လက်ထပ်ဖို့ပြင်ဆင်နေခဲ့တာပါ။ ဘဝအသစ်တစ်ခုကတော့ မျှော်လင့်ထားတာထက်ပိုပြီးတော့ စောပြီးရောက်ရှိလာခဲ့ပါတယ်။” ဆိုပြီးတော့ ချစ်သူကောင်မလေးဆီမှာ ကိုယ်ဝန်ရှိနေကြောင်းကို ပရိသတ်ကို အသိပေးရေးသားခဲ့ပါတယ်။