သည်းထိတ်ရင်ဖိုဒရမ်မာဇာတ်လမ်းတွဲသစ်မှာ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်သွားမယ့် Park Seo Joon နဲ့ Han So Hee

Posted on

Park Seo Joon နဲ့ Han So Hee တို့ကတော့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ Gyeongseong Creature ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သွားမယ့်အကြောင်းအတည်ပြုခဲ့တာဖြစ်ပြီး ရိုက်ကူးရေးတွေလည်း စတင်နေပြီလို့ သိရပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ (၁၉၄၅) ခုနှစ်ဝန်းကျင်က နွေဦးရဲ့အမှောင်ကာလတွေကိုနောက်ခံထားပြီး အသက်ငယ်ရွယ်တဲ့အရွယ်ရောက်သူနှစ်ဦးဟာ သတ္တဝါဆိုးကြီးကိုရင်ဆိုင်ပြီး အသက်ရှင်သန်ဖို့အတွက် တိုက်ခိုက်ကြတဲ့အကြောင်းကို ဇာတ်အိမ်တည်ရေးဖွဲ့ထားတာပါ။ ဒီဇာတ်လမ်းကိုတော့ Dr. Romantic နဲ့ Stove League ဆိုတဲ့စီးရီးတွေကို ရေးသားခဲ့တဲ့ စာရေးဆရာ Kang Eun Kyung ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။


Park Seo Joon ကတော့ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာကာ သဘာဝကျကျထိုးထွင်းသိမြင်နိုင်စွမ်းမြင့်ပြီး ကမ္ဘာကြီးကိုသိနားလည်တဲ့သူတစ်ယောက်ဖြစ်ကာ ထိုအချိန်ကသူ့ရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကြောင့် လူသိများထင်ရှားသူ Jang Tae Sang နေရာကပါဝင်ထားတာပါ။Han So Hee ကတော့ ပျောက်ဆုံးနေတဲ့လူတွေအကြောင်းကို လိုက်လံစုံစမ်းနေတဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်အပြည့်ရှိသူအမျိုးသမီး Yoon Chae Ok နေရာကပါဝင်ထားတာပါ။ သူတို့နှစ်ဦးတွေ့ဆုံပြီးနောက် အခက်အခဲတွေကိုရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေရှင်သန်သွားကြမလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဒီဇာတ်လမ်းတွဲကတော့ (၂၀၂၃) မှ ထွက်ရှိမယ်လို့လည်း သိရပါတယ်။