Pachinko ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေစောင့်မျှော်နေတဲ့ Global Drama ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ဖန်တီးထားထာတးတာဖြစ်ပြီး (၂၀) ရာစုအစပိုင်းရဲ့အပြင်အဆင်တွေနဲ့ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲဟာဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်နိုင်ငံကိုပြောင်းရွှေ့သွားတဲ့ မိသားစုအပေါ်အခြေခံထားပါတယ်။ ဒီဇာတ်လမ်းဟာ (၁၈၈၃) ခုနှစ်မှာစတင်ခဲ့ပြီး (၁၉၁၀-၁၉၈၉) ခုနှစ်ကြားကအဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ်။
Apple TV ကနေပြီးတေ့ာ ပြသသွားမယ့် ဒီဇာတ်လမ်းတွဲကမှာတော့ ပရိသတ်အချစ်တော်မင်းသားချော Lee Min-ho အဓိကအနေနဲ့ပါဝင်ထားတာပါ။ သူကတော့ ချမ်းသာတဲ့ဂျပန်မိသားစုမှပေါက်ဖွားလာတဲ့ လျှို့ဝှက်ပြီးခန့်မှန်းရခက်တဲ့ကိုရီးယားကုန်သည် Hansu အဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းမှာ ကိုးရီးယားနှင့် ဂျပန်ဇာတ်ကောင်များစွာပါဝင်ထားပြီး ကိုရိးယား၊ဂျပန်နဲ့ အမေရိကတွေမှာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ပရိသတ်တွေစောင့်မျှော်နေခဲ့တဲ့ဒီဇာတ်လမ်းတွဲဟာ အခုဆိုရင် တရားဝင်ပုံများကို ပရိသတ်တွေကိုချပြခဲ့တာဖြစ်ပါတယ်။ Apple TV ကနေပြီ ဇန်နဝါရီလ(၂၂)ရက်နေ့မှာအပိုင်း(၃)ပိုင်းပြသမှာဖြစ်ပြီး နောက်ပိုင်းသီတင်းပတ်များတွင် အပတ်စဉ်သောကြာနေ့တိုင်း တစ်ပိုင်းစီထုတ်လွှင့်သွားမယ်လို့သိရပါတယ်။ စုစုပေါင်းအပိုင်း(၈) ပိုင်းပါဝင်တာလည်း ဖြစ်ပါတယ်။