တရားဝင်ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ Huang Xiaoming နဲ့ Angelababy

Posted on

Huang Xiaoming နဲ့ Angelababy တို့ကတော့ တရုတ်နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအနုပညာရှင်စုံတွဲလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ Huang Xiaoming နဲ့ Angelababy တို့ဟာ ဒီနေ့မှာတရားဝင်ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


“အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း မိသားစုအဖြစ်ဆက်ရှိနေပေးပါ့မယ်။” ဆိုပြီးတော့ သူ့တို့ရဲ့ Weibo အကောင့်တွေမှာ တင်ထားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ(၂၀၁၅) ခုနှစ်မှာတရားဝင်လက်ထပ်ခဲ့တာဖြစ်ပြီး (၅)နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။ ကွာရှင်းပြတ်စဲပြီးနောက်မှာလည်း ကလေးကို ပူးတွဲပြုစုစောင့်ရှောက်သွားမယ်လို့သိရပါတယ်။


သူတို့နှစ်ဦးဟာ ပရိသတ်ချစ်ခင်မှုများစွာရရှိထားပြီး အများကအားကျရတဲ့စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ ကွာရှင်းပြတ်စဲတဲ့ကောလာဟလတွေဟာ လွန်ခဲ့တဲ့နှစ်မှာကတည်းကထွက်ရှိခဲ့တာပါ။ ဒီနေ့မှာတော့ တရားဝင်ကွာရှင်းပြတ်စဲကြောင်း အသိပေးလိုက်ပြီပဲ ဖြစ်ပါတယ်။