သားယောကျာ်းလေးကိုယ်ဝန်ဆောင်ထားရတဲ့ Park Shin Hye

ပရိသတ်တွေချစ်တဲ့ နာမည်ကျော်မင်းသမီးချော Park Shin Hye ကတော့ ဇန်နဝါရီလ(၂၂) ရက်မှာ မင်္ဂလာပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေချစ်ရတဲ့အနုပညာရှင်စုံတွဲလေးဖြစ်ပြီး မင်္ဂလာပွဲကိုကြေညာချိန်ကတည်းက Park Shin Hye ကတော့ ကိုယ်ဝန်ဆောင်ထားရကြောင်းလည်း ပရိသတ်တွေကို အသိပေးထားခဲ့တာပါ။


အခုဆိုရင် Park Shin Hye ကိုသူငယ်ချင်းတွေက ဂုဏ်ပြုပေးနေတဲ့ ဗွီဒီယိုလေးဟာ ပရိသတ်တွေကြားပျံ့နှံ့လာခဲ့ပါတယ်။ မင်းသမီး Uhm Ji Won ကတော့ သူ့ရဲ့vlogမှာ အဲ့ဒီဗွီဒီယိုအသစ်ကို တင်ထားခဲ့ပါတယ်။ Park Shin Hye ကတော့ သူငယ်ချင်းတွေနဲ့အတူတူစားသောက်ဆိုင်တစ်ခုမှာရှိနေတာဖြစ်ပြီး သူ့ရဲ့မင်္ဂလာဖိတ်စာကိုကိုင်ဆောင်ထားတာလည်း ဖြစ်ပါတယ်။


သူငယ်ချင်းတွေနဲ့အတူ ပူဖောင်းတွေကြားမှာပျော်ရွှင်နေတဲ့ Park Shin Hye ကတော့ Hello Baby Boy ဆိုတဲ့ ပူဖောင်းကိုကိုင်ဆောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း Park Shin Hye တစ်ယောက်သားယောကျာ်းလေးကို ကိုယ်ဝန်ဆောင်ထားတာဆိုပြီးတော့ လူပြောများနေတာပါ။ မကြာခင်မှာသားဦးလေးကိုဖွားမြင်တော့မယ့် Park Shin Hye အတွက် Congradulations ပါ။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x