Red Velvet အဖွဲ့ဝင်တွေကို Mask ချွတ်ဖို့ဖိအားပေးခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ သတင်းထောက်တွေ

Posted on

နှစ်ပေါင်းများစွာနာမည်ကျော်အမျိုးသမီးအိုင်ဒေါအဖွဲ့အနေနဲ့ရပ်တည်လာတဲ့ Red Velvet အဖွဲ့ကို ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ သီချင်းကောင်းများစွာထွက်ရှိထားပြီး ပရိသတ်တွေရဲ့အားပေးမှုကိုနှစ်ပေါင်းများစွာ ရယူထားနိုင်တာပါ။ Red Velvet အဖွဲ့ကတော့ ဇန်နဝါရီလ(၂၇)ရက်နေ့က 11th Gaon Chart Music Awards ပွဲကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင်(၅)ဦးစလုံးကတော့ အဖြူရောင်ဝတ်စုံလေးတွေကိုဝတ်ဆင်ထားကြပြီး ကော်ဇောနီထက်မှာ တောက်ပနေခဲ့ကြတာပါ။ သူတို့ကတော့ ကင်မရာရှေ့မှာဓာတ်ပုံရိုက်ဖို့ပိုစ့်ပေးနေကြချိန်မှာ သတင်းထောက်တွေက Mask တွေချွတ်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ Irene ကတော့ ခေါင်းကိုခါယမ်းပြီး လက်ကို X ပုံသဏ္ဍာန်ပြုလုပ်ကာ ငြင်းဆိုခဲ့ပြီး Seulgi ကလည်း လက်ကို X ပုံသဏ္ဍာန်ပြုလုပ်ကာငြင်းဆိုခဲ့ကြပေမယ့် ဖိအားတွေကြောင့် နောက်ဆုံးမှာ Mask ကို ချွတ်ခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ ဒီလိုတောင်းဆိုတဲ့ သတင်းထောက်တွေကို ဝေဖန်ခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဇန်နဝါရီလ(၂၇) တစ်ရက်တည်းတင်ကူးစက်မှုပေါင်း (၁၄,၀၀၀) ရှိခဲ့တာပါ။ အနုပညာရှင်တွေလည်း မကြာခဏကူးစက်ခံနေရတဲ့သတင်းတွေလည်း ကြားသိရပါတယ်။ သတင်းထောက်တွေရဲ့အခုလို လုပ်ရပ်ကို ဘယ်လိုထင်မြင်မိပါသလဲနော်။