ဒရမ်မာဇာတ်လမ်းတွဲချစ်သူတွေအတွက်ကတော့သည်းထိတ်ရင်ဖိုဒရမ်မာဇာတ်လမ်းတွဲ ထွက်ရှိလာတော့မှာပါ။ ဒီတစ်ခါမှာတော့ ရိုမန်တစ်ဇာတ်လမ်းတွေမှာလည်း ပရိသတ်တွေသဘောကျသလို အက်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း ပိုင်နိုင်တဲ့မင်းသားချော Seo Kang Joon နဲ့ မင်းသမီး Kim Ah Joong တို့က ပါဝင်သွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းတွဲနာမည်ကတော့ Grid ဖြစ်ပြီး Disney+ ကနေပြသမယ့် ထိတ်လန့်သည်းဖိုဒရမ်မာဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Ghost ဆိုတဲ့ လူတစ်ယောက်အကြောင်းကိုခြေရာကောက်ရန်ကြိုးစားနေတဲ့ လူတွေရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Ghost ကတော့ လူသားတွေအတွက်အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေရန်မှ ကာကွယ်ဖို့အတွက် အကာအရံတစ်ခုကိုလွန်ခဲ့တဲ့ (၂၄) ခုနှစ်က ဖန်တီးခဲ့ပါတယ်။
ဒီလိုဖန်တီးပြီးနောက်မှာ Ghost ဟာပျောက်ကွယ်သွားခဲ့ပြီး လူသတ်မှုတစ်ခုမှာပြန်လည်ပြီးတော့ ပေါ်ထွက်လာခဲ့တယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Seo Kang Joon ဟာ Ghost ကို ဖမ်းဖို့အတွက် ကြိုးစားနေတဲ့စီမံရေးဌာနမှဝန်ထမ်းဖြစ်ပြီး Kim Ah Joong ကတော့ လူသတ်မှုကိုခြေရာခံရင်း Ghost ရဲ့အမှုမှာပါဝင်ပတ်သက်လာတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၁၆)မှာစတင် ထုတ်လွှင့်ပြသသွားမှာပါ။