ဖုန်းရဲ့ Wallpaper မှာ Lee Junho ရဲ့ပုံကိုထားတဲ့အကြောင်းပြောလာတဲ့ Lee Se Young

ဖေဖော်ဝါရီလ(၂)ရက်နေ့က The Red Sleeve ဇာတ်လမ်းတွဲရဲ့သရုပ်ဆောင်ခြောက်ဦးပါဝင်တဲ့ Radio Star အစီအစဉ်ရဲ့နောက်ဆုံးပိုင်းကို MBC ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာတော့ “သရုပ်ဆောင်တဲ့အပိုင်းမှာပိုပြီးတော့နှစ်မြှုပ်ဖို့အတွက် တစ်စုံတစ်ခုကိုလုပ်လေ့ရှိတယ်လို့ကြားထားတယ်” ဆိုပြီးတော့ Lee Se Youngကို အစီအစဉ်တင်ဆက်သူက မေးခဲ့ပါတယ်။


Lee Se Young ကတော့ ရှက်ံပြုံးလေးနဲ့အတူ”The Red Sleeve ရိုက်ကူးနေစဉ်မှာ ဖုန်းရဲ့ Wallpaper မှာ Lee Junho ရဲ့ပုံကိုထားဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။ ဒါကတော့ ပထမဆုံးအကြိမ်မဟုတ်ဘဲ “The Crowned Clown” ဇာတ်လမ်းတွဲရိုက်ကူးနေစဉ်တုန်းကလည်းဇာတ်ကားမှာပိုပြီးစိတ်နှစ်နိုင်ဖို့အတွက် တွဲဖက်သရုပ်ဆောင် Yeo Jin Goo ရဲ့ပုံကို ဖုန်းရဲ့ Wallpaper အဖြစ်ထားခဲ့တယ်လို့ရှင်းပြခဲ့ပါသေးတယ်။


Lee Junho ကတော့ Wallpaper အတွက်ဓာတ်ပုံရိုက်ပေးဖို့ကို ရှက်တတ်တဲ့အတွက်ကြောင့် သတင်းစာရှင်းလင်းပွဲကပုံကိုလက်မှတ်ထိုးခိုင်းပြီး Wallpaper ထားခဲ့တယ်လို့လည်း ထပ်မံပြောခဲ့ပါသေးတယ်။ Lee Se Young ကတော့ ကလေးဘဝကတည်းက သရုပ်ဆောင်လုပ်ခဲ့ပြီး ဒီအလုပ်အပေါ်အရမ်းကိုနစ်မြှုပ်ထားသူတစ်ယောက်ပါ။ သရုပ်ဆောင်နဲ့ပတ်သက်ပြီးသူ့ရဲ့အခုလိုလုပ်ရပ်ကိုတော့ပရိသတ်တွေ စိတ်ဝင်စားနေမယ်ထင်ပါရဲ့။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x