ဒရမ်မာအသစ်အတွက် ဆွေးနွေးနေပြီဖြစ်တဲ့ Lee Se Young နဲ့ Lee Seung Gi

Posted on

မင်းသမီးချော Lee Se Young ကတော့ ကလေးသရုပ်ဆောင်ဘဝကနေအခုအချိန်ထိတိုင်အောင် အနုပညာသက်တမ်းနှစ်ပေါင်းများစွာရှိခဲ့ပေမယ့် The Red Sleeve ဇာတ်လမ်းတွဲထုတ်လွှင့်ကာမှ ပိုမိုလူသိများကာအောင်မြင်မှုအချိုးအကွေ့ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။Lee Se Young ဟာ Love According to the Law ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်သွားနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ Lee Se Young ကိုကမ်းလှမ်းမှုတွေထဲမှာ ပြန်လည်သုံးသပ်နေပြီး ပါဝင်သွားနိုင်ဖွယ်ရှိတဲ့ပရော့ဂျက်တစ်ခုဖြစ်တယ်လို့ သူ့ရဲ့အေဂျင်စီမှ ဆိုပါတယ်။ Lee Seung Gi ဟာလည်း ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒီဇာတ်လမ်းကတော့ ဥပဒေကုမ္ပဏီလည်းဖြစ်သလို Café တစ်ခုလည်းဖြစ်တဲ့ Law Café ကို အခြေပြုထားတဲ့အချစ်ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။


Lee Se Young ကတော့တစ်ချိန်က ကိုရီယားအလှမယ်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ထက်မြက်တဲ့ရှေ့နေတစ်ယောက်လည်းဖြစ်သော်လည်း အလုပ်ကထွက်ခွာခဲ့ပြီးနောက် Café တစ်ခုကိုဖွင့်ထားတဲ့ အမျိုးသမီးKim Yu Ri နေရာကပါဝင်မှာဖြစ်ပါတယ်။ Lee Seung Gi နဲ့ Lee Se Young တို့ဟာ Hwayugi ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ဖူးတာကြောင့် ပရိသတ်တွေက ဒီဒရမ်မာဇာတ်လမ်းတွဲကိုလက်ခံပြီး အတူတူပြန်လည်မြင်တွေ့ရဖို့အတွက်ရင်ခုန်နေကြပါတယ်။