JTBC ကထုတ်လွှင့်ပြသမယ့် ဒရမ်မာအသစ်မှာပါဝင်သရုပ်ဆောင်ထားတဲ့ Nam Goong Min

Posted on

ပရိသတ်တွေရင်းနှီးပြီးသား ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ Nam Goong Min ကိုတော့ JTBC ကထုတ်လွှင့်ပြသမယ့် ‘Sacred Divorce’ မှာပါဝင်သွားမှာပါ။ အဲ့ဒီဇာတ်လမ်းတွဲမှာတော့ အဓိကဇာတ်ဆောင်နေရာက ပါဝင်သွားမယ်လို့လည်းသိရပါတယ်။


Nam Goong Min ကတော့ ဒီဇာတ်လမ်းတွဲမှာ အသက်(၄၅)နှစ်ရှိပြီဖြစ်တဲ့ ကွာရှင်းပြတ်စဲမှုဆိုင်ရာရှေ့နေ Shin Seong Han နေရာက ပါဝင်ထားပါတယ်။ Nam Goong Min ကတော့ SBS ရုပ်သံလိုင်းကပြသမယ့် ‘A Lawyer Worth 1,000 Won’ ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေဆီပြန်လာမယ်လို့ အသိပေးထားခဲ့ပါတယ်။ လက်ရှိရိုက်ကူးသွားမယ့် Sacred Divorce’ ဇာတ်လမ်းတွဲကတော့ (၂၀၂၃) ခုနှစ်ရဲ့နှစ်လယ်ပိုင်းမှာ ထုတ်လွှင့်ပြသသွားဖို့ ရှိပါတယ်။


Nam Goog Min ကတော့ The Veil ဇာတ်ကားက ထူးချွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ဂုဏ်သိက္ခာကြီးမားတဲ့ Daesang ဆုကို 2021 MBC Drama Awards ပွဲမှာ ရရှိထားပါသေးတယ်။ ဒါကတော့ ဒုတိယမြောက် Daesang ဆုလည်း ဖြစ်ပါတယ်။Nam Goog Min ရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကို ရင်ခုန်နေပြီလားနော်။

Zawgyi ဖြင့်ဖတ်ရန်

JTBC ကထုတ္လႊင့္ျပသမယ့္ ဒရမ္မာအသစ္မွာပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Nam Goong Min
ပရိသတ္ေတြရင္းႏွီးၿပီးသား ဝါရင့္မင္းသားတစ္လက္ျဖစ္တဲ့Nam Goong Min ကိုေတာ့ JTBC ကထုတ္လႊင့္ျပသမယ့္ ‘Sacred Divorce’ မွာပါဝင္သြားမွာပါ။ အဲ့ဒီဇာတ္လမ္းတြဲမွာေတာ့ အဓိကဇာတ္ေဆာင္ေနရာက ပါဝင္သြားမယ္လိုလည္းသိရပါတယ္။
Nam Goong Min ကေတာ့ ဒီဇာတ္လမ္းတြဲမွာ အသက္(၄၅)ႏွစ္ရွိၿပီျဖစ္တဲ့ ကြာရွင္းျပတ္စဲမႈဆိုင္ရာေရွ႕ေန Shin Seong Han ေနရာကေန ပါဝင္ထားပါတယ္။ Nam Goong Min ကေတာ့ SBS ႐ုပ္သံလိုင္းကျပသမယ့္ ‘A Lawyer Worth 1,000 Won’ ဇာတ္လမ္တြဲနဲ႔အတူ ပရိသတ္ေတြဆီျပန္လာမယ္လို႔ အသိေပးထားခဲ့ပါတယ္။ လက္ရွိ႐ိုက္ကူးသြားမယ့္ Sacred Divorce’ ဇာတ္လမ္းတြဲကေတာ့ (၂၀၂၃) ခုႏွစ္ရဲ႕ႏွစ္လယ္ပိုင္းမွာ ထုတ္လႊင့္ျပသသြားဖို႔ ရွိပါတယ္။
Nam Goog Min ကေတာ့ The Veil ဇာတ္ကားက ထူးခြၽန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဂုဏ္သိကၡာႀကီးမားတဲ့ Daesang ဆုကို 2021 MBC Drama Awards ပြဲမွာ ရရွိထားပါေသးတယ္။ ဒါကေတာ့ ဒုတိယေျမာက္ Daesang ဆုလည္း ျဖစ္ပါတယ္။Nam Goog Min ရဲ႕ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြကို ရင္ခုန္ေနၿပီလားေနာ္။