ပရိသတ်တွေဆီကို ပေါ်ပြူလာဖြစ်တဲ့တောင်ကိုရီးယားမင်းသားနဲ့မင်းသမီးပါဝင်တဲ့ အချစ်ဒရမ်မာဇာတ်လမ်းတွဲကတော့ စတင်ထုတ်လွှင့်ပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲနာမည်ကတော့ Forecasting Love And Weather ဖြစ်ပြီး ပရိသတ်တွေမျှော်လင့်စောင့်စားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့မိုးလေဝသဌာနမှာလုပ်ကိုင်တဲ့လူတွေရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းကို အခြေတည်ပြီးရိုက်ကူးထားတာပါ။
ဒီဇာတ်လမ်းတွဲအတွက် သတင်းစာရှင်းလင်းပွဲကို မနေ့ကကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ရင်ခုန်နေစေခဲ့ပါပြီ။ ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Park Min Young နဲ့ Song Kang ကတော့ တစ်ယောက်နဲ့တစ်ယောက်တွဲဖက်သရုပ်ဆောင်ရတဲ့အပေါ်မှာ သူတို့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။
Park Min Young ကတော့ Song Kang နဲ့အတူသရုပ်ဆောင်ခဲ့ရတာနဲ့ပတ်သက်ပြီး “ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့သရုပ်ဆောင်တွေရဲ့သတင်းကိုသိရတဲ့အခါ ရေပန်းစားနေတဲ့မင်းသားနဲ့ အလုပ်တွဲလုပ်ရမှာကြောင့်ပျော်ရွှင်မိတယ်။ Song Kang ရဲ့ရုပ်ရှင်ဇာတ်ကားတွေကို ပြန်ကြည့်ခဲ့တယ်။ ပြီးတော့ သူ့ဆီမှာအရည်အချင်းကောင်းတွေဒီ့ထက်တောင်ပိုရှိနေတယ်လို့ ခံစားရတယ်။ ဒါရိုက်တာနဲ့ကျွန်မကတော့ သူ့ရဲ့ပုံစံအသစ်ထွက်လာနိုင်တယ်လို့ ထင်ခဲ့တယ်။” လို့ ဆိုပါတယ်။
Song Kang ကတော့ “ငယ်ငယ်ကတည်းက တီဗွီမှာမြင်ဖူးခဲ့ရတဲ့မင်းသမီးနဲ့အတူ သရုပ်ဆောင်ရမှာကြောင့် စိတ်လှုပ်ရှားမိတယ်။ ဒီအတွက် အများကြီပြင်ဆင်ခဲ့သလို သူ့ဘက်ကလည်းမေးခွန်းတွေမေးပြီး ချစ်ကြည်နူးဖွယ်ဇာတ်ဝင်ခန်းတွေမှာ လိုအပ်တဲ့အကြံညဏ်တွေပေးခဲ့လို့ ကျေးဇူးတင်ဝမ်းမြောက်ရတယ်” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
“Forecasting Love And Weather”မွာ တြဲဖက္သ႐ုပ္ေဆာင္ရတဲ့အေပၚ သူတို႔ရဲ႕ခံစားခ်က္ေတြကိုေျပာျပခဲ့တဲ့ Park Min Young နဲ႔ Song Kang
ပရိသတ္ေတြဆီကို ေပၚျပဴလာျဖစ္တဲ့ေတာင္ကိုရီးယားမင္းသားနဲ႔မင္းသမီးပါဝင္တဲ့ အခ်စ္ဒရမ္မာဇာတ္လမ္းတြဲကေတာ့ စတင္ထုတ္လႊင့္ၿပီ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲနာမည္ကေတာ့ Forecasting Love And Weather ျဖစ္ၿပီး ပရိသတ္ေတြေမွ်ာ္လင့္ေစာင့္စားေနတဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕မိုးေလဝသဌာနမွာလုပ္ကိုင္တဲ့လူေတြရဲ႕ ဘဝနဲ႔အခ်စ္ဇာတ္လမ္းကို အေျခတည္ၿပီး႐ိုက္ကူးထားတာပါ။
ဒီဇာတ္လမ္းတြဲအတြက္ သတင္းစာရွင္းလင္းပြဲကို မေန႔ကက်င္းပခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကို ရင္ခုန္ေနေစခဲ့ပါၿပီ။ ဒီဇာတ္လမ္းတြဲရဲ႕အဓိကဇာတ္ေဆာင္ႏွစ္ဦးျဖစ္တဲ့ Park Min Young နဲ႔ Song Kang ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္တြဲဖက္သ႐ုပ္ေဆာင္ရတဲ့အေပၚမွာ သူတို႔ရဲ႕ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။
Park Min Young ကေတာ့ Song Kang နဲ႔အတူသ႐ုပ္ေဆာင္ခဲ့ရတာနဲ႔ပတ္သက္ၿပီး “ဒီဇာတ္လမ္းတြဲမွာပါဝင္တဲ့သ႐ုပ္ေဆာင္ေတြရဲ႕သတင္းကိုသိရတဲ့အခါ ေရပန္းစားေနတဲ့မင္းသားနဲ႔ အလုပ္တြဲလုပ္ရမွာေၾကာင့္ေပ်ာ္႐ႊင္မိတယ္။ Song Kang ရဲ႕႐ုပ္ရွင္ဇာတ္ကားေတြကို ျပန္ၾကည့္ခဲ့တယ္။ ၿပီးေတာ့ သူ႔ဆီမွာအရည္အခ်င္းေကာင္းေတြဒီ့ထက္ေတာင္ပိုရွိေနတယ္လို႔ ခံစားရတယ္။ ဒါ႐ိုက္တာနဲ႔ကြၽန္မကေတာ့ သူ႔ရဲ႕ပုံစံအသစ္ထြက္လာႏိုင္တယ္လို႔ ထင္ခဲ့တယ္။” လို႔ ဆိုပါတယ္။
Song Kang ကေတာ့ “ငယ္ငယ္ကတည္းက တီဗြီမွာျမင္ဖူးခဲ့ရတဲ့မင္းသမီးနဲ႔အတူ သ႐ုပ္ေဆာင္ရမွာေၾကာင့္ စိတ္လႈပ္ရွားမိတယ္။ ဒီအတြက္ အမ်ားႀကီျပင္ဆင္ခဲ့သလို သူ႔ဘက္ကလည္းေမးခြန္းေတြေမးၿပီး ခ်စ္ၾကည္ႏူးဖြယ္ဇာတ္ဝင္ခန္းေတြမွာ လိုအပ္တဲ့အႀကံညဏ္ေတြေပးခဲ့လို႔ ေက်းဇူးတင္ဝမ္းေျမာက္ရတယ္” လို႔ ဆိုပါတယ္။
Zawgyi ျဖင့္ဖတ္ရန္