မွေးနေ့မှာဝင်ငွေနည်းပါးတဲ့မိသားစုတွေကို လှူဒါန်းမှုပြုခဲ့တဲ့မင်းသမီးချောလေး Park Bo Young

Posted on

မင်းသမီးချောလေး Park Bo Young ကတော့ ရက်ရက်ရောရောအလှူအတန်းလုပ်ပြီးတော့ မွေးနေ့လေးကို ကျော်ဖြတ်ခဲ့ပါတယ်။ သူကတော့ ကိုရီးယားဝမ်သန်း(၅၀) ကို သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ လှူဒါန်းခဲ့တာပါ။ ဝင်ငွေနည်းပါးတဲ့မိသားစုမှမိန်းမငယ်လေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ လစဉ်သုံးပစ္စည်းတွေအတွက်ရန်ပုံငွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။


Park Bo Young ကတော့ ဝင်ငွေနည်းပါးတဲ့မိသားစုတွေအတွက် ပုံမှန်လှူဒါန်းလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မနှစ်ကမွေးနေ့မှာလည်း ကိုရီးယားဝမ်သန်း(၃၀)ခန့်လှူဒါန်းခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး မီးသတ်သမားတွေနဲ့ the Community Chest of Korea ၊ the Korea Disaster Relief Association စတဲ့အဖွဲ့အစည်းတွေကိုလည်း ကူညီပံ့ပိုးပေးခဲ့ပါသေးတယ်။


Park Bo Young ကတော့ လက်ရှိမှာ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ All of Us Are Dead ဇာတ်လမ်းတွဲမှာပါဝင်ဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ နောက်ဆုံးအနေနဲ့ထွက်ရှိထားတဲ့ဇာတ်ကားကတော့ Doom at Your Service ဖြစ်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်

ေမြးေန႔မွာဝင္ေငြနည္းပါးတဲ့မိသားစုေတြကို လႉဒါန္းမႈျပဳခဲ့တဲ့မင္းသမီးေခ်ာေလး Park Bo Young

မင္းသမီးေခ်ာေလး Park Bo Young ကေတာ့ ရက္ရက္ေရာေရာအလႉအတန္းလုပ္ၿပီးေတာ့ ေမြးေန႔ေလးကို ေက်ာ္ျဖတ္ခဲ့ပါတယ္။ သူကေတာ့ ကိုရီးယားဝမ္သန္း(၅၀) ကို သူ႔ရဲ႕ေမြးေန႔ျဖစ္တဲ့ ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔မွာ လႉဒါန္းခဲ့တာပါ။ ဝင္ေငြနည္းပါးတဲ့မိသားစုမွမိန္းမငယ္ေလးေတြအတြက္ တစ္ကိုယ္ေရသန႔္ရွင္းမႈနဲ႔ လစဥ္သုံးပစၥည္းေတြအတြက္ရန္ပုံေငြကို လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။
Park Bo Young ကေတာ့ ဝင္ေငြနည္းပါးတဲ့မိသားစုေတြအတြက္ ပုံမွန္လႉဒါန္းေလ့ရွိသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ မႏွစ္ကေမြးေန႔မွာလည္း ကိုရီးယားဝမ္သန္း(၃၀)ခန႔္လႉဒါန္းခဲ့ပါေသးတယ္။ ဒါတင္မကေသးပါဘူး မီးသတ္သမားေတြနဲ႔ the Community Chest of Korea ၊ the Korea Disaster Relief Association စတဲ့အဖြဲ႕အစည္းေတြကိုလည္း ကူညီပံ့ပိုးေပးခဲ့ပါေသးတယ္။
Park Bo Young ကေတာ့ လက္ရွိမွာ နာမည္ႀကီးဇာတ္ကားျဖစ္တဲ့ All of Us Are Dead ဇာတ္လမ္းတြဲမွာပါဝင္ဖို႔အတြက္ ေဆြးေႏြးေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ ေနာက္ဆုံးအေနနဲ႔ထြက္ရွိထားတဲ့ဇာတ္ကားကေတာ့ Doom at Your Service ျဖစ္ပါတယ္။