ဒီတစ်ပတ်မှာတော့ ဒရမ်မာချစ်သူတွေက ဇာတ်လမ်းတွဲအသစ်တွေကို စပြီးတော့ ကြည့်ရှုနေရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြိုက်နှစ်သက်သွားစေတဲ့ဇာတ်လမ်းတွဲအသစ်ကတော့ Forecasting Love and Weather နဲ့ Twenty Five, Twenty One ဇာတ်လမ်းတွဲတွေပါပဲ။ စတင်ပြသချိန်ကတည်းက ကောင်းမွန်တဲ့ Rating တွေ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ်။
“Forecasting Love and Weather,” ဇာတ်လမ်းတွဲကတေ့ာ ပရိသတ်ကြားရေပန်းစားတဲ့ မင်းသားနဲ့မင်းသမီးဖြစ်တဲ့ Song Kang နဲ့ Park Min Youngတို့ပါဝင်ထားပြီး ကိုရီးယားမိုးလေဝသဌာနက ဝန်ထမ်းတွေရဲ့အလုပ်နဲ့ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဒရမ်မာဇာတ်လမ်းတွဲပါ။
Twenty Five, Twenty One ဇာတ်လမ်းတွဲကတော့ (၁၉၉၈)ခုနှစ်ခန့်က ကိုရီးယားနိုင်ငံငွေကြေးအကြပ်အတည်းဖြစ်ပွားပြီးနောက်ခက်ခဲတဲ့အခြေအနေတွေကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ လူငယ်နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ကူးထားတာပါ။
Forecasting Love and Weather ရဲ့ဒုတိယပိုင်းကို ထုတ်လွှင့်ပြီးနောက်မှာတော့ ကြည့်ရှုနှုန်း ၅.၅% အထိရှိခဲ့ပါတယ်။ Twenty Five, Twenty One ကတော့ ကြည့်ရှုနှုန်း ၈ % အထိရှိခဲ့တာပါ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပရိသတ်ကိုဖမ်းစားထားနိုင်တဲ့ “Forecasting Love and Weather” နဲ့“Twenty Five, Twenty One”အတွက် Congratulations ပါ။
Zawgyi ဖြင့်ဖတ်ရန်
ဒုတိယပိုင်းပြသတဲ့အချိန်မှာလည်း ကြည့်ရှုနှုန်းမြင့်တက်ခဲ့တဲ့ “Forecasting Love And Weather” နဲ့“Twenty Five, Twenty One”
“Forecasting Love and Weather,” ဇာတ်လမ်းတွဲကတော့ ပရိသတ်ကြားရေပန်းစားတဲ့ မင်းသားနဲ့မင်းသမီးဖြစ်တဲ့ Song Kang နဲ့ Park Min Youngတို့ပါဝင်ထားပြီး ကိုရီးယားမိုးလေဝသဌာနက ဝန်ထမ်းတွေရဲ့အလုပ်နဲ့ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဒရမ်မာဇာတ်လမ်းတွဲပါ။