“Kill Heel”ရုပ်သံဇာတ်လမ်းတွဲမှာ သဘာဝကျအောင်ကြိုးစားရိုက်ကူးခဲ့ရတဲ့အခက်အခဲတွေကို ပြောပြလာတဲ့မင်းသမီး Kim Ha Neul
Posted on
“Kill Heel”ရုပ်သံဇာတ်လမ်းတွဲကတော့ ဝါရင့်သရုပ်ဆောင်တွေအားပြိုင်ကြတဲ့ဒရမ်မာဇာတ်လမ်းတွဲကောင်းဖြစ်ပြီး Kim Ha Neul၊ Lee Hye Young နဲ့ Kim Sung Ryung တို့ ရဲ့အမိုက်စားပိုစတာပုံရိပ်တွေကြောင့် ပရိသတ်တွေက စိတ်ဝင်စားလျက်ရှိပါတယ်။ဒီဇာတ်လမ်းတွဲကတော့ UNI Home Shopping ကုမ္ပဏီရဲ့ ထက်မြက်တဲ့အမျိုးသမီး(၃)ဦးကတော့ အဆုံးမရှိတဲ့အလိုဆန္ဒတွေနဲ့အတူ ပြိုင်ဆိုင်မှုပြင်းထန်ကြပုံတွေကို ရိုက်ကူးထားတာပါ။
ဒီလိုခပ်မိုက်မိုက်ဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ Kim Ha Neul ကတော့ ရှိုးအစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရာမှာခက်ခဲတဲ့အကြောင်းကို ပြောပြလာပါတယ်။ “သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့တွဲလုပ်ရတဲ့အတွက် စိတ်လှုပ်ရှားမိတယ်။ ပထမဆုံးသရုပ်ဆောင်မကော်းမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မရှေ့မှာ သူတိုတွေ့ကောင်းကောင်းသရုပ်ဆောင်တာကိုကြည့်ပြီးတော့ လိုက်လုပ်ခဲ့တယ်။ သူတို့သရုပ်ဆောင်တာကိုကြည့်ရတာ ပျော်စရာပါပဲ။”လို့ ဆိုပါတယ်။
ဒါ့အပြင် ရှိုးအစီအစဉ်တင်ဆက်သူ အနေနဲ့သရုပ်ဆောင်ရာမှာ သဘာဝကျကျသရုပ်ဆောင်ဖို့ အရမ်းကိုကြိုးစားခဲ့ရပြီး အမှားတွေအများကြီးလည်း လုပ်ခဲ့မိတယ်လို့ ဆိုပါတယ်။ မင်းသမီး Kim Ha Neul ကတော့ ဇာတ်ကားများစွာမှာပါဝင်ခဲ့ဖူးပြီးနာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တာကြောင့် သေသပ်ပီပြင်တဲ့သရုပ်ဆောင်ချက်တွေထွက်ရှိလာဦးမှာ အသေအချာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်
ဇာတ်ကားကအရမ်းမိုက်မှာ….