ဒရမ်မာဇာတ်လမ်းတွဲအသစ်အတွက် ရွေးချယ်နေတဲ့ Shin Hye Sun

Shin Hye Sun ကိုတော့နောက်ထပ်ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ မြင်တွေ့ရတော့မှာပါ။ ရုပ်ရှင်တစ်ကားမှာပါဝင်ခွင့်ရရင်ကို အရည်အချင်းတွေကိုထုတ်ပြနိုင်တဲ့သရုပ်ဆောင်တွေထဲမှာ Shin Hye Sun လည်း ပါဝင်ပါတယ်။ သူကတော့ ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ အောင်မြင်မှုတွေရရှိလာသူပါ။


ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာတော့ Shin Hye Sun ဟာ Wax Doll ဆိုတဲ့ဒရမ်မာအသစ်အတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်လမ်းမှာပါဝင်ဖို့ကိုလည်း သုံးသပ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YNK Entertainment ကတော့ Wax Doll ဟာ Shin Hye Sun ကိုကမ်းလှမ်းထားတဲ့ ပရော့ဂျက်တွေထဲကတစ်ခုဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။


မင်းသမီးချော Shin Hye Sun ကတော့ See You in My 19th Life ဆိုတဲ့ webtoon ကိုအခြေခံတဲ့ဒရမ်မာဇာတ်လမ်းတွဲကိုလည်း ကမ်းလှမ်းခံထားရပါသေးတယ်။ ဒါ့အပြင် Brave Citizen ဆိုတဲ့ ဇာတ်ကားမှာတော့ U-KISS ရဲ့အဖွဲ့ဝင် Lee Jun Young နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ Shin Hye Sun ရဲ့ဇာတ်လမ်းတွဲတွေကို တစ်ခုပြီးတစ်ခုကြည့်ရတော့မယ့်အတွက် ရင်ခုန်နေပြီလားနော်။
Zawgyi ဖြင့်ဖတ်ရန်

မမကိုကမ်းလှမ်းထားတာတစ်ခုတောင်မက…

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x