Song Kang ရဲ့သရုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးချီးကျူးစကားပြောခဲ့တဲ့ Park Min Young

Posted on

မင်းသမီးချော Park Min Young ကတော့ Cosmopolitan နဲ့အတူရိုက်ကူးထားတဲ့ပုံရိပ်တွေမှာ တကယ့်ကိုတောက်ပနေခဲ့ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတာလည်းဖြစ်ပြီး Rating ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ Forecasting Love and Weather ဇာတ်လမ်းတွဲကတော့ Park Min Young နဲ့ Song Kang အတူပါဝင်ထားတာဖြစ်ပြီးတော့ ကိုရီးယားမိုးလေဝသဌာနမှာရှိတဲ့လူတွေရဲ့အချစ်နဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။


ဒီဇာတ်လမ်းတွဲမှာတော့ Park Min Young ကအလုပ်ကြိုးစားတဲ့စာအုပ်ကြီးသမားဖြစ်ပြီး အလုပ်နဲ့ဘဝကိုသေချာခွဲခြားထားတဲ့ Jin Ha Kyung နေရာကပါဝင်ထားတာပါ။ Song Kang ကတော့ လွတ်လပ်စွာတွေးခေါ်နေထိုင်တတ်တဲ့စရိုက်ရှိပြီး မိုးလေဝသနဲ့ပတ်သက်လို့အရမ်းဂရုစိုက်ပြီးစိတ်အားထက်ထက်သန်သန်ရှိလွန်းတဲ့ Lee Si Woo နေရာကနေပါဝင်ထားတာပါ။ အင်တာဗျူးရာမှာ Park Min Young ကတော့ ရာသီဥတုနဲ့ပတ်သက်ပြီးလေ့လာဖို့အတွက် မှတ်တမ်းရုပ်ရှင်တွေအများကြီး ကြည့်ခဲ့တယ်လို့ ပြောပါတယ်။


ဒါ့အပြင် တွဲဖက်သရုပ်ဆောင် Song Kang နဲ့ပတ်သက်ပြီးလည်း “သူကိုယ်တိုင်က Lee Si Woo ဖြစ်သွားတာပါပဲ။ ဇာတ်ရုပ်နဲ့ထပ်တူကျချက်ကတော့ အံ့မခန်းပါပဲ။” ဆိုပြီး ချီးမွမ်းခဲ့ပါသေးတယ်။ သူတို့နှစ်ဦးကတော့ အချစ်ဒရမ်မာတွေကိုပိုင်နိုင်ကြတဲ့ထုံးစံအတိုင်း ဇာတ်ရုပ်နဲ့အံဝင်ပြီး ပရိသတ်တွေကို စိတ်ကျေနပ်စေတာ အမှန်ပါပဲ။ အခုဆိုရင်လည်း အပိုင်းလေးပိုင်းထုတ်လွှင့်ပြီးတဲ့အချိန်မှာ ကြည့်ရှုနှုန်းတွေ တော်တော်လေးတိုးတက်လာတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Song Kang ရဲ့သရုပ္ေဆာင္ခ်က္ေတြနဲ့ပတ္သက္ျပီးခ်ီးက်ဴးစကားေျပာခဲ့တဲ့ Park Min Young
မင္းသမီးေခ်ာ Park Min Young ကေတာ့ Cosmopolitan နဲ႔အတူ႐ိုက္ကူးထားတဲ့ပုံရိပ္ေတြမွာ တကယ့္ကိုေတာက္ပေနခဲ့ပါတယ္။ လက္ရွိထုတ္လႊင့္ျပသေနတာလည္းျဖစ္ၿပီး Rating ေကာင္းေတြကိုပိုင္ဆိုင္ထားတဲ့ Forecasting Love and Weather ဇာတ္လမ္းတြဲကေတာ့ Park Min Young နဲ႔ Song Kang အတူပါဝင္ထားတာျဖစ္ၿပီးေတာ့ ကိုရီးယားမိုးေလဝသဌာနမွာရွိတဲ့လူေတြရဲ႕အခ်စ္နဲ႔ ဘဝအေၾကာင္းကို ႐ိုက္ကူးထားတာပါ။
ဒီဇာတ္လမ္းတြဲမွာေတာ့ Park Min Young ကအလုပ္ႀကိဳးစားတဲ့စာအုပ္ႀကီးသမားျဖစ္ၿပီး အလုပ္နဲ႔ဘဝကိုေသခ်ာခြဲျခားထားတဲ့ Jin Ha Kyung ေနရာကပါဝင္ထားတာပါ။ Song Kang ကေတာ့ လြတ္လပ္စြာေတြးေခၚေနထိုင္တတ္တဲ့စ႐ိုက္ရွိၿပီး မိုးေလဝသနဲ႔ပတ္သက္လို႔အရမ္းဂ႐ုစိုက္ၿပီးစိတ္အားထက္ထက္သန္သန္ရွိလြန္းတဲ့ Lee Si Woo ေနရာကေနပါဝင္ထားတာပါ။ အင္တာဗ်ဴးရာမွာ Park Min Young ကေတာ့ ရာသီဥတုနဲ႔ပတ္သက္ၿပီးေလ့လာဖို႔အတြက္ မွတ္တမ္း႐ုပ္ရွင္ေတြအမ်ားႀကီး ၾကည့္ခဲ့တယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ တြဲဖက္သ႐ုပ္ေဆာင္ Song Kang နဲ႔ပတ္သက္ၿပီးလည္း “သူကိုယ္တိုင္က Lee Si Woo ျဖစ္သြားတာပါပဲ။ ဇာတ္႐ုပ္နဲ႔ထပ္တူက်ခ်က္ကေတာ့ အံ့မခန္းပါပဲ။” ဆိုၿပီး ခ်ီးမြမ္းခဲ့ပါေသးတယ္။ သူတို႔ႏွစ္ဦးကေတာ့ အခ်စ္ဒရမ္မာေတြကိုပိုင္ႏိုင္ၾကတဲ့ထုံးစံအတိုင္း ဇာတ္႐ုပ္နဲ႔အံဝင္ၿပီး ပရိသတ္ေတြကို စိတ္ေက်နပ္ေစတာ အမွန္ပါပဲ။ အခုဆိုရင္လည္း အပိုင္းေလးပိုင္းထုတ္လႊင့္ၿပီးတဲ့အခ်ိန္မွာ ၾကည့္ရႈႏႈန္းေတြ ေတာ္ေတာ္ေလးတိုးတက္လာတာပဲျဖစ္ပါတယ္။
Zawgyi ျဖင့္ဖတ္ရန္