ခြေထောက်ထိခိုက်ထားတာကြောင့် Six Sense အစီအစဉ်မှာ မပါဝင်နိုင်တော့တဲ့ Jeon So Min

Posted on

ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာတော့ မင်းသမီး Jeon So Min ဟာ tvN ကထုတ်လွှင့်တဲ့ ‘Six Sense’ အစီအစဉ်ရဲ့ season 3 မှာ မပါဝင်နိုင်တော့ဘူးလို့ သတင်းတွေထွက်ရှိလာပါတယ်။ အစီအစဉ်ကတော့ ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာတော့ မင်းသမီးကတော့ ခြေထောက်ထိခိုက်ခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရပါတယ်။


ခွဲစိတ်ကုသပြီးနောက်မှာလည်း ဘီးတပ်ကုလားထိုင်ကို အသုံးပြုနေရတယ်လို့ သိရပါတယ်။အတွင်းလူတွေရဲ့သတင်းစကားအရ လွန်ခဲ့တဲ့အပတ်က ဒီအစီအစဉ်ရဲ့ပထမဆုံးရိုက်ကူးမှုကိုပြုလုပ်ခဲ့ပြီး Jeon So Min မပါဝင်ဘူးလို့ သိရပါတယ်။ ပါဝင်တဲ့အဖွဲ့ဝင်တွေကတော့ Jeon So Min မပါဝင်နိုင်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြပြီး အမြဲတမ်းအဖွဲ့ဝင်အသစ်ထပ်မံထည့်သွင်းသွားဖို့ မရှိပါဘူး။


မတ်လ(၁၁)ရက်နေ့မှာ tvN ကထုတ်လွှင့်တဲ့ ‘Six Sense’ အစီအစဉ်ရဲ့ season 3 ကို ထုတ်လွှင့်သွားမယ်လို့ မျှော်လင့်ရပါတယ်။ tvN ကတော့ Yoo Jae Suk၊ Oh Na Ra၊ Jessi၊ Lee Mi Joo နဲ့ Lee Sang Yup စတဲ့အဖွဲ့ဝင်တွေနဲ့ဆက်လက်ထုတ်လွှင့်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ေျခေထာက္ထိခိုက္ထားတာေၾကာင့္ Six Sense အစီအစဥ္မွာ မပါဝင္ႏိုင္ေတာ့တဲ့ Jeon So Min
ေဖေဖာ္ဝါရီလ(၂၂)ရက္ေန႔မွာေတာ့ မင္းသမီး Jeon So Min ဟာ tvN ကထုတ္လႊင့္တဲ့ ‘Six Sense’ အစီအစဥ္ရဲ႕ season 3 မွာ မပါဝင္ႏိုင္ေတာ့ဘူးလို႔ သတင္းေတြထြက္ရွိလာပါတယ္။ အစီအစဥ္ကေတာ့ ပရိသတ္ေတြႀကိဳက္ႏွစ္သက္ၾကတဲ့အစီအစဥ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီႏွစ္အေစာပိုင္းမွာေတာ့ မင္းသမီးကေတာ့ ေျခေထာက္ထိခိုက္ခဲ့ၿပီး ခြဲစိတ္မႈခံယူခဲ့ရပါတယ္။
ခြဲစိတ္ကုသၿပီးေနာက္မွာလည္း ဘီးတပ္ကုလားထိုင္ကို အသုံးျပဳေနရတယ္လို႔ သိရပါတယ္။အတြင္းလူေတြရဲ႕သတင္းစကားအရ လြန္ခဲ့တဲ့အပတ္က ဒီအစီအစဥ္ရဲ့ပထမဆုံး႐ိုက္ကူးမႈကိုျပဳလုပ္ခဲ့ၿပီး Jeon So Min မပါဝင္ဘူးလို႔ သိရပါတယ္။ ပါဝင္တဲ့အဖြဲ႕ဝင္ေတြကေတာ့ Jeon So Min မပါဝင္ႏိုင္ခဲ့ျခင္းအတြက္ စိတ္မေကာင္းျဖစ္ခဲ့ၾကၿပီး အၿမဲတမ္းအဖြဲ႕ဝင္အသစ္ထပ္မံထည့္သြင္းသြားဖို႔ မရွိပါဘူး။
မတ္လ(၁၁)ရက္ေန႔မွာ tvN ကထုတ္လႊင့္တဲ့ ‘Six Sense’ အစီအစဥ္ရဲ႕ season 3 ကို ထုတ္လႊင့္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ tvN ကေတာ့ Yoo Jae Suk၊ Oh Na Ra၊ Jessi၊ Lee Mi Joo နဲ႔ Lee Sang Yup စတဲ့အဖြဲ႕ဝင္ေတြနဲ႔ဆက္လက္ထုတ္လႊင့္သြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။