tvN ရုပ်သံလိုင်းရဲ့တာဝန်ရှိသူတစ်ယောက်ကတော့ မင်းသားချော Lee Sang Yupနဲ့အတူSix Sense ပရိုဂရမ်ထုတ်လုပ်ရေးရဲ့အကြီးအကြဲဖြစ်တဲ့ head PD ကလည်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ် ။ ဒါကြောင့် Six Sense အစီအစဉ်ကိုထုတ်လွှင့်ဖို့ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
သူတို့နှစ်ဦးဟာ ရောဂါလက္ခဏာကြီးကြီးမားမားမခံစားရသော်လည်း ကွာရန်တင်း(၅)ရက်လောက်ဝင်ရဦးမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုတေ့ာမတ်လ(၁၁)ရက်နေ့မှာစတင်ထုတ်လွှင့်ဖို့ လျာထားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်ပတ်ခန့်နောက်ကျပြီး ထုတ်လွှင့်သွားမှာလည်း ဖြစ်ပါတယ်။ Six Sense မှာတော့ Yoo Jae Suk၊ Oh Na Ra၊ Jessi၊ Lee Mi Joo နဲ့ Lee Sang Yupစတဲ့ အဖွဲ့ဝင်တွေပါဝင်သွားမှာဖြစ်ပါတယ်။
မကြာသေးခင်ရက်ပိုင်းကတော့ မင်းသမီး Jeon So Min ဟာ ခြေထောက်ခွဲစိတ်ထားတာကြောင့် season 3 မှာမပါဝင်နိုင်တော့တဲ့အကြောင့် အသိပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့အဖွဲ့ဝင်တွေကျန်းကျန်းမာမာနဲ့အမြန်ဆုံးရိုက်ကူးရေးတွေလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်တွေကတော့ အစီအစဉ်ကိုစောင့်မျှော်နေကြမှာပါ။
Zawgyi ဖြင့်ဖတ်ရန်
မင္းသားေခ်ာ Lee Sang Yup ကိုဗစ္ကူးစက္ခံရတာေၾကာင့္ Six Sense ထုတ္လႊင့္ဖို႔ကိုေ႐ႊ႕ဆိုင္း
ဒီတစ္ေခါက္ထုတ္လႊင့္ဖို႔ကေတာ့ တစ္ခုၿပီးတစ္ခုပါပဲ…
tvN ႐ုပ္သံလိုင္းရဲ႕တာဝန္ရွိသူတစ္ေယာက္ကေတာ့ မင္းသားေခ်ာ Lee Sang Yupနဲ႔အတူSix Sense ပ႐ိုဂရမ္ထုတ္လုပ္ေရးရဲ႕အႀကီးအႀကဲျဖစ္တဲ့ head PD ကလည္း ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတယ္ဆိုတာကို အတည္ျပဳခဲ့ပါတယ္ ။ ဒါေၾကာင့္ Six Sense အစီအစဥ္ကိုထုတ္လႊင့္ဖို႔ကို ေ႐ႊ႕ဆိုင္းလိုက္ရပါတယ္။
သူတို႔ႏွစ္ဦးဟာ ေရာဂါလကၡဏာႀကီးႀကီးမားမားမခံစားရေသာ္လည္း ကြာရန္တင္း(၅)ရက္ေလာက္ဝင္ရဦးမယ္လို႔ သိရပါတယ္။ ဒီအစီအစဥ္ကိုေတ့ာမတ္လ(၁၁)ရက္ေန႔မွာစတင္ထုတ္လႊင့္ဖို႔ လ်ာထားတာလည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ တစ္ပတ္ခန႔္ေနာက္က်ၿပီး ထုတ္လႊင့္သြားမွာလည္း ျဖစ္ပါတယ္။ Six Sense မွာေတာ့ Yoo Jae Suk၊ Oh Na Ra၊ Jessi၊ Lee Mi Joo နဲ႔ Lee Sang Yupစတဲ့ အဖြဲ႕ဝင္ေတြပါဝင္သြားမွာျဖစ္ပါတယ္။
မၾကာေသးခင္ရက္ပိုင္းကေတာ့ မင္းသမီး Jeon So Min ဟာ ေျခေထာက္ခြဲစိတ္ထားတာေၾကာင့္ season 3 မွာမပါဝင္ႏိုင္ေတာ့တဲ့အေၾကာင့္ အသိေပးခဲ့ပါတယ္။ က်န္ရွိေနတဲ့အဖြဲ႕ဝင္ေတြက်န္းက်န္းမာမာနဲ႔အျမန္ဆုံး႐ိုက္ကူးေရးေတြလုပ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ပရိသတ္ေတြကေတာ့ အစီအစဥ္ကိုေစာင့္ေမ်ွာ္ေနျကမွာပါ။