မင်းသမီးချော Shin Hye Sun နဲ့တွဲဖက်သရုပ်ဆောင် Lee Jun Young တို့ရဲ့အေဂျင်စီတွေကတော့ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းကို အတည်ပြုခဲ့ပါတယ်။Shin Hye Sun ကတော့ လက္ခဏာကြီးကြီးမားမားမရှိပေမဲ့ ကွာရန်တင်းစတင်ဝင်နေပြီဖြစ်ပါတယ်။ သူကတော့ ကာကွယ်ဆေးကို(၂)ကြိမ်တိတိထိုးထားတာလည်း ဖြစ်ပါတယ်။
မင်းသား Lee Jun Young ရဲ့အေဂျင်စီကလည်း ရောဂါပိုးကူးစက်ခံရတာကိုအတည်ပြုခဲ့ပါတယ်။ Lee Jun Young ဟာ အလုပ်အချိန်စာရင်းတစ်ခုကိုမတက်ရောက်ခင်မှာ ကိုယ်တိုင်စစ်ဆေးပြီး positive ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် PCR စစ်ဆေးရာမှာလည်း ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။ မင်းသားချောကလည်းပဲ ကာကွယ်ဆေးကိုဒုတိယအကြိမ်ထိုးထားတာလည်း ဖြစ်ပါတယ်။ သူကတော့ မူမမှန်တဲ့ ရောဂါလက္ခဏာတစ်ခုမှမရှိခဲ့ပါဘူး။ သူကတော့ ဆေးကုသမှုခံယူနေပြီး အိမ်မှာပဲကွာရန်တင်းဝင်နေတာလည်း ဖြစ်ပါတယ်။
Shin Hye Sun နဲ့ Lee Jun Young တို့ကတော့ အက်ရှင်ဇာတ်ကားဖြစ်တဲ့ Brave Citizen ကို နှစ်ကုန်ပိုင်းကတည်းကရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Shin Hye Sun ရဲ့သရုပ်ဆောင်ပီပြင်မှုတွေနဲ့အတူ မင်းသားချောLee Jun Young နဲ့ဘယ်လိုတွေအတွဲညီမလဲဆိုတာကို ရင်ခုန်ရဦးမှာပါ။
Zawgyi ဖြင့်ဖတ်ရန်
မင္းသမီးေခ်ာ Shin Hye Sun နဲ႔တြဲဖက္သ႐ုပ္ေဆာင္ Lee Jun Young တို႔ရဲ႕ေအဂ်င္စီေတြကေတာ့ ကိုဗစ္-၁၉ ကူးစက္ခံရေၾကာင္းကို အတည္ျပဳခဲ့ပါတယ္။Shin Hye Sun ကေတာ့ လကၡဏာႀကီးႀကီးမားမားမရွိေပမဲ့ ကြာရန္တင္းစတင္ဝင္ေနၿပီျဖစ္ပါတယ္။ သူကေတာ့ ကာကြယ္ေဆးကို(၂)ႀကိမ္တိတိထိုးထားတာလည္း ျဖစ္ပါတယ္။
မင္းသား Lee Jun Young ရဲ႕ေအဂ်င္စီကလည္း ေရာဂါပိုးကူးစက္ခံရတာကိုအတည္ျပဳခဲ့ပါတယ္။ Lee Jun Young ဟာ အလုပ္အခ်ိန္စာရင္းတစ္ခုကိုမတက္ေရာက္ခင္မွာ ကိုယ္တိုင္စစ္ေဆးၿပီး positive ျဖစ္ေနတာကို ေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ PCR စစ္ေဆးရာမွာလည္း ထပ္မံအတည္ျပဳႏိုင္ခဲ့ပါတယ္။ မင္းသားေခ်ာကလည္းပဲ ကာကြယ္ေဆးကိုဒုတိယအႀကိမ္ထိုးထားတာလည္း ျဖစ္ပါတယ္။ သူကေတာ့ မူမမွန္တဲ့ ေရာဂါလကၡဏာတစ္ခုမွမရွိခဲ့ပါဘူး။ သူကေတာ့ ေဆးကုသမႈခံယူေနၿပီး အိမ္မွာပဲကြာရန္တင္းဝင္ေနတာလည္း ျဖစ္ပါတယ္။
Shin Hye Sun နဲ႔ Lee Jun Young တို႔ကေတာ့ အက္ရွင္ဇာတ္ကားျဖစ္တဲ့ Brave Citizen ကို ႏွစ္ကုန္ပိုင္းကတည္းက႐ိုက္ကူးခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ Shin Hye Sun ရဲ႕သ႐ုပ္ေဆာင္ပီျပင္မႈေတြနဲ႔အတူ မင္းသားေခ်ာLee Jun Young နဲ႔ဘယ္လိုေတြအတြဲညီမလဲဆိုတာကို ရင္ခုန္ရဦးမွာပါ။